Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒါကို ရပ်ပြီး လားရာပြောင်းနိုင်မှဘဝက ပိုကောင်းလာနိုင်မယ်။

မသိတဲ့သူတွေနဲ့ စကားပြောပြီးတိုင်း
ငါဘာအမှားလုပ်မိပြီလဲ
အမြဲပြန်ပြန်စဉ်းစားဖြစ်တယ်။

ဖြစ်နိုင်ရင် လူအသစ်တွေနဲ့မတွေ့ချင်ဘူး။
ဘာကြောင့်လဲဆို
ကိုယ်အမှားလုပ်မိလိုက်တယ်ဆိုတဲ့စိတ်နဲ့
ကိုယ့်ကိုကိုယ် အပြစ်တင်မိလို့။

ဒီစိတ်က အသက် ၃၀ ကျော်ကျော်လောက်ထိဖြစ်တယ်။

နောက်ပိုင်းပြန်ဆန်းစစ်ကြည့်တော့
ဘဝရဲ့ဖြတ်သန်းမှုက
အမြဲအပြစ်တင်ခံရတာနဲ့
ကြီးပြင်းလာတဲ့အခါ
ကိုယ့်ဆုံးဖြတ်ချက်တိုင်းမှာ
အပြစ်တင်ခံရမယ်ဆိုတဲ့ စိတ်က
အမြဲလွမ်းမိုးနေတယ်။

ကိုယ်တိုင်ကလဲ super toxic ဖြစ်ခဲ့တယ်။

နောက်ပိုင်း မားကတ်တင်းကိုလေ့လာရင်း
စိတ်ပညာပိုင်းတွေလေ့လာဖြစ်သွားတယ်။
psychoanalysis ပိုင်းတွေရောက်တော့
ကိုယ့်ကိုကိုယ် ပြန်သိလာတယ်။

တော်တော်ပြုပြင်ရတယ်။

နောက်ပိုင်းမှာ တချို့အလုပ်တွေ
ကိုယ်မကြိုက်ပေမယ့်
လုပ်ဖို့လိုလာရင်
ကိုယ့်ကိုကိုယ် စဉ်းစားတွေးခေါ်ပုံပြောင်းပြီး
မဖြစ်ဖြစ်အောင် လုပ်ဖို့ အလေ့အကျင့်လုပ်တယ်။

လူတိုင်းက ပရိုဂရမ်တွေနဲ့ လည်ပတ်နေတယ်။
ဒီ ပရိုဂရမ်ကို ကံလို့ ခေါ်ကြည့်မယ်ဆို
ကာယကံ၊ ဝဇီကံ၊ မနောကံတိုင်းက
ဒီ ပရိုဂရမ်းကို လည်ပတ်နေစေတယ်။

Phyo Paing @ Derek

Share Your Idea!​