Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒါကို scalability လို့ခေါ်တယ်။

လူတွေ သန်းပေါင်းများစွာ
အသုံးပြုနေတဲ့ product တွေကြည့်ကြည့်
ဘယ်လောက်မိုက်သလဲ။

အရင်ကဆို ဒီလို ကုန်ပစ္စည်းတွေထုတ်ဖို့
စက်ရုံကြီးတွေနဲ့ လူထောင်၊ သောင်းပေါင်းများစွာလိုတယ်။

ဒီနေ့လို နည်းပညာခေတ်မှာ
လူဆယ်ဂဏန်းနဲ့ တချို့ဆို လူဆယ်ယောက်အောက်နဲ့
လူသန်းပေါင်းများစွာအသုံးပြုတဲ့
နည်းပညာ ကုန်ပစ္စည်းတွေ ထုတ်လို့ရလာတယ်။

တချို့ နည်းပညာကုန်ပစ္စည်းတွေက
လူသားတွေရဲ့ ဘဝမှာ မရှိမဖြစ်
မသုံးမဖြစ်တွေ ဖြစ်လာတယ်။
အမြင်သာဆုံး မြန်မာပြည်မှာဆို
Grab နဲ့ Foodpanda ပေါ့။

နောက်တစ်ခုက social media
လူသန်းပေါင်းများစွာဆီ ကိုယ်ပေးချင်တဲ့
message သတင်း ရောက်ဖို့
အရင်လို သတင်းစာတိုက်တွေ၊
TV ကပြဖို့တွေ စောင့်နေစရာမလိုတော့ဘူး။
ကိုယ့် video တစ်ခု၊ စာတစ်ကြောင်းက
လူသန်းပေါင်းများစွာဆီကို
အခမဲ့ ဖြန့်ဖြူးနိုင်တဲ့ အချိန်ဖြစ်သွားတယ်။

စဥ်းစားကြည့်ကြည့် ကိုယ်ရေးတဲ့စာကို
လူသန်းပေါင်းများစွာဆီရောက်အောင်လုပ်နိုင်တဲ့
ခံစားချက်။
ကိုယ်ဖန်တီးလိုက်တဲ့ ဒီဂျစ်တယ်ထုတ်ကုန်တစ်ခုက
လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ခံစားချက်။

ဒါကို scalability လို့ခေါ်တယ်။

ဒီ scalability ချဲ့ထွင်နိုင်စွမ်းကို ရဖို့
နည်းပညာအကူအညီမရှိမဖြစ်လိုတယ်။
နောက် business model နဲ့
ရောင်းတဲ့ပစ္စည်း offer ကို
ရှင်းလင်းနေအောင် လုပ်ဖို့လိုတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​