တိုတောင်းတဲ့ ဘဝထဲမှာ
အိုဟောင်းနေတဲ့ ဗားရှင်းကြီးကိုထားပြီး
အသစ်တွေဖန်တီးကြည့်။
လူတွေက သိလို့လုပ်ခဲ့ကြတာမဟုတ်။
လုပ်ရင်းသိသွားကြတယ်။
အဟောင်းဗားရှင်းကိုကြည့်တိုင်း
ရှက်စရာလိုလို ပြန်ပြုံးမိတယ်။
တစ်သက်တစ်ခါတော့
ဘဝမှာ ရှက်စရာအမှတ်ရစရာတွေ
လုပ်မိလိမ့်မယ်။
ဒါက ကောင်းတဲ့အချက်ပဲ။
Phyo Paing @ Derek