Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒါက လောကသဘာဝပဲ။​

စိတ်ညစ်စရာဆိုတာ
လူဖြစ်နေသမျှရှိနေမှာပဲ။
ဒါက လောကသဘာဝပဲ။​

လူတွေက အပြင်မှာထက်
စိတ်ကူးထဲမှာ ပိုနာကျင်တတ်ကြတယ်တဲ့။

လူလာဖြစ်တော့လဲ မစဉ်းစားဘဲနဲ့လဲ
မနေနိုင်ပြန်ဘူး။​
ဒီတော့ စဉ်းစားနည်း
ကောင်းအောင်လုပ်ဖို့လိုလာတယ်။

လူတိုင်းက အမှားလုပ်တတ်တယ်။
ကိုယ့်ကိုကိုယ် ခွင့်လွတ်။
လူတိုင်းက ကိုယ့်ကိုအထင်ကြီးမှာမဟုတ်ဘူး။
စိတ်ထားတတ်အောင်လုပ်။
အာရုံတွေထွေပြားဝေဝါးနေရင်
ဘဝက ပိုခက်ခဲလိမ့်မယ်။

ဒါကြောင့် ကိုယ်လိုချင်တဲ့အရာ
“တစ်ခု” ကိုပဲ အားပြုပြီးစဉ်းစား။​
အာရုံပြုနေ့စဉ်လုပ်ဆောင်။​

ကိုယ်ထိန်းချုပ်နိုင်တာတွေကိုအာရုံစိိုက်။​
ထိန်းချုပ်လို့မရတာကို လျစ်လျူရှုလိုက်။

Phyo Paing @ Derek

Share Your Idea!​