ကျွမ်းကျင်တဲ့အရာကြီးကို
ပိုက်ဆံတစ်ခုအတွက်
ထပ်ခါထပ်ခါလုပ်ပြရတာ
အဓိပ္ပာယ်မရှိဘူးလို့ခံစားရတယ်။
ဘဝက ပိုက်ဆံတစ်ခုတည်းအတွက်ပိုတယ်။
ဘဝရဲ့ရည်ရွယ်ချက်က
ကိုယ့်ရဲ့အစွမ်းအစ
ဘယ်လောက်ရှိလဲဆိုတာသိချင်တယ်။
ကိုယ့်ရဲ့အစွမ်းအစသိဖို့ကို
၁။ ကျန်းမာကြံ့ခိုင်ရေး
၂။ အလုပ်အကိုင်၊ စီးပွါး
၃။ ငွေရေးကြေးရေး
၄။ အချစ်ရေး
၅။ ကျင်လည်တဲ့အသိုင်းအဝိုင်း
၆။ အတွေးအခေါ်၊ စိတ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာတိုးတက်ရေး
ဒီခြောက်ခုနဲ့တိုင်းတာတယ်။
လူတိုင်းက မွေးရာပါအခွင့်အရေးနဲ့
ပေးထားချက်တွေမတူဘူး။
ဒါကိုတော့ ကြည့်မနေတော့ဘူး။
အရေးကြီးတာ ကိုယ်စတင်ခဲ့တဲ့မွေးဖွားခဲ့တဲ့အချိန်နဲ့
သေဆုံးတဲ့အချိန် ဘာတွေကွာခြားသွားသလဲ
ဒါက အရေးအကြီးဆုံးပဲ။
Phyo Paing @ Derek