Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒါတွေက ရင်းနှီးမြှုပ်နှံမှု။

နားမလည်ရင် မှားမယ်။
မှားရင် ပြန်လုပ်ရမယ်။
ပြန်လုပ်ရရင် အချိန်ကုန်မယ်။

အချိန်ကုန်တာက ပိုက်ဆံကုန်တာထက် နာတယ်။
ပိုက်ဆံက ပြန်ရှာလို့ရတယ်။
အချိန်က ပြန်မရဘူး။

ကိုယ် ဆေးကျောင်းတုန်းက
Patient တစ်ယောက်ရဲ့ symptom ကို နားမလည်ဘဲ
ဆေးပေးလိုက်ရင် ဘာဖြစ်မလဲ။
လူနာ ပိုဆိုးမယ်။

Business မှာလည်း အတူတူပဲ။
Customer ကို နားမလည်ဘဲ product လုပ်တယ်။
Market ကို နားမလည်ဘဲ ads ထည့်တယ်။
Team ကို နားမလည်ဘဲ manage လုပ်တယ်။

ပြီးတော့ “ဘာလို့ မအောင်မြင်တာလဲ” လို့ မေးတယ်။

နားမလည်လို့။

တကယ်တော့ လူအများစုက
နားမလည်တာကို မှားတာလို့ မမြင်ဘူး။
ကံမကောင်းတာလို့ မြင်တယ်။

ကံနဲ့ မဆိုင်ဘူး။
Understanding နဲ့ ဆိုင်တယ်။

နားလည်ဖို့ အချိန်ယူရတယ်။
လေ့လာရတယ်။
မေးရတယ်။
နားထောင်ရတယ်။

ဒါတွေက ဆုံးရှုံးမှု မဟုတ်ဘူး။
ဒါတွေက ရင်းနှီးမြှုပ်နှံမှု။

မှားချင်ရင် မနားလည်ဘဲ လုပ်။
မှန်ချင်ရင် နားလည်အောင် လုပ်။

Phyo Paing @ Derek

Share Your Idea!​