Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒါတွေဟာ “တိုင်ပတ်” အပြုအမူလို့ခေါ်တယ်။

မူးတဲ့အခါ နှိပ်နေကျဖုန်းကို
ပြန်နှိပ်မိတာတို့၊
အဆင်မပြေမှန်းသိတဲ့
relationship ကို ပြန်ရောက်သွားတာတို့၊
ကိုယ့်ကို တန်ဖိုးမထားတဲ့သူမှ
ရွေးကောင်းတတ်တာတို့
ဒါတွေဟာ “တိုင်ပတ်” အပြုအမူလို့ခေါ်တယ်။
Self-sabotage behavior ဆိုပါတော့။
ဒါက လူအများစုမှာ ရှိတတ်ကြတယ်။

ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အပြုအမူနဲ့
ပြောင်းပြန်လုပ်မိတဲ့အခါ
“အရှက်ရတယ်” ဆိုတဲ့ခံစားချက်မျိုး
ဖြစ်တတ်တယ်။​
ဒီ အတွေးကလဲ အမြဲ looping ပတ်နေနိုင်တယ်။
အထူးသဖြင့် ကိုယ့်ကိုကိုယ်
လက်မခံနိုင်ရင်ဖြစ်တယ်။

တကယ်လို့သာ ငါ့ကိုယ်ငါ
အရှိအရှိအတိုင်းလက်ခံတယ်။
“သီလ၊ သမာဓိ၊ ပညာ”
၁၀၀% အကုန်ပြည့်စုံ
သူတော်ကောင်းကြီးဖြစ်နေမှ
နေလို့ထိုင်လို့ကောင်းမယ်ဆိုတဲ့
အတွေးကြီးကို ဖျောက်လိုက်။​

ငါကတော့ အကုန်လုံး
စင်းလုံးချောကောင်းကြီးတော့မဟုတ်ဘူး။
ဒါကို သိတယ်။ လက်ခံတယ်။
အရေးကြီးတာ ဖြည်းဖြည်းချင်း
ပြုပြင်ပြောင်းလဲ တိုးတက်လာဖို့ပဲ။
ဒီကိုယ့်ကိုကိုယ် လက်ခံနိုင်ဖို့လိုတယ်။
ပြီးရင် authentic ဖြစ်ဖို့လိုတယ်။
အရှိကို အရှိအတိုင်း
လက်ခံဖော်ပြနိုင်တဲ့အခါ
ဟန်ဆောင်လိမ်ညာမှုနည်းပြီး
ဘဝက နေလို့ထိုင်လို့ ပိုပေါ့ပါးတယ်။

Phyo Paing @ Derek

Share Your Idea!​