တချို့သူတွေရဲ့ဘဝမှာက
အကုသိုလ်ကံတွေအရမ်းများနေတတ်တယ်။
အပြစ်တင်စိတ်၊
အပြစ်မြင်စိတ်တွေအရမ်းများတတ်တယ်။
လောကကြီးကို စိတ်တိုင်းမကျ။
စိတ်ပူပန်မှုတွေနဲ့။
စိုးရိမ်သောက ဗျာပါဒတွေနဲ့။
လုပ်တိုင်းလဲမဖြစ်။
တခြားသူတွေလွယ်လွယ်ရတာကို
အရမ်းအားထုတ်ရတယ်။
ထုတ်သော်လဲမရတာမျိုးဖြစ်တတ်တယ်။
ကိုယ်ရှာသော်လဲ
ကိုယ့်အတွက်မဖြစ်လိုက်တာမျိုးဖြစ်တတ်တယ်။
သူတို့နားနေတဲ့သူတွေက
အနားကပ်ရင်ကို
ပူလောင်တဲ့ဓာတ်ကိုခံစားရတတ်ကြတယ်။
စကားပြောလိုက်ရင်ကို
စိတ်ရှုပ်ထွေး၊ စိတ်ညစ်၊
စိတ်ကသိကအောင့်ဖြစ်သွားတတ်ကြတယ်။
ဒါပေမယ့် ကိုယ့်ကြောင့်ဆိုတာ
မြင်နိုင်တဲ့ ဥာဏ်ကလဲ
အကုသိုလ်ဖုံးနေတတ်တယ်။
မျက်နှာကြည့်လိုက်ရင်
စိုးရိမ်ပူပန်မှုအပြည့်။
ဘဝကို စိတ်တိုင်းမကျမှုအပြည့်။
စိတ်မှာလဲ မကောင်းတဲ့စေတသိတ်တွေ
အမြဲခြယ်လှယ်ပြီး
ညစ်ညူးနေတတ်တယ်။
ဘုရားစာထိုင်ရွက်တိုင်းလဲ
ဒီအကုသိုလ်ကံက
ပျောက်မသွားတတ်ဘူး။
ဒါကို ကျော်လွှားဖို့က
အကုသိုလ်ကံကိုလျော့ဖို့လိုတယ်။
ဒီလိုလုပ်ဖို့
ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။
ကိုယ့်မှာရှိတာလေးကို
တကယ်လိုနေသူတွေကို
စွန့်ကြဲပေးကမ်းတာမျိုး။
ပညာရှိရင်ပညာ၊
ဥစ္စာရှိရင် ဥစ္စာ။
တခြားသူတွေကို မပြစ်တင်တာ၊
အပြစ်မြင်တာကိုလျော့ပြီး
မေတ္တာဘာဝနာပွားများဖို့လိုတယ်။
ကိုယ့်ကိုကိုယ် နက်နက်နဲနဲ
ထိုးထွင်းသိမြင်ဖို့
ဝိပဿနာဘာဝနာကျင့်ဖို့လိုတယ်။
ကိုယ်နဲ့တွေ့တဲ့သူတွေကို
မနောကံ စိတ်ဖြင့်အပြစ်တင်ခြင်း
ဝဇီကံ နှုတ်ဖြင့်အပြင်တစ်ခြင်း
ကာယကံ ကိုယ်ထိလက်ရောက်စိတ်ညစ်အောင်လုပ်ခြင်း
ဒါတွေကို လျော့ဖို့၊
ရှောင်ရှားဖို့လိုတတ်တယ်။
Phyo Paing @ Derek