Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒါ မြင်တတ်တဲ့ နေ့ကိုယ့် team ပြောင်းပါတယ်။ကိုယ့် relationship ပြောင်းပါတယ်။ကိုယ့်ဘဝ ပြောင်းပါတယ်။

ကိုယ့်ကိုကိုယ် Introvert အတွင်းစွဲ လို့ ပြောပြီး
ဘာမှ မလုပ်တဲ့သူတွေ ရှိတယ်။
ကိုယ့်ကိုကိုယ် Extrovert အပြင်စွဲ လို့ ပြောပြီး
လူတိုင်းကို အနိုင်ယူတဲ့သူတွေ ရှိတယ်။

MBTI ကို မှားသုံးနေကြတယ်။

MBTI ဆိုတာ ဆင်ခြေ မဟုတ်ပါဘူး။
ကိုယ့်ကိုကိုယ် နားလည်ဖို့ ကိရိယာပါ။

“ငါက INFJ ဆိုတော့ လူနည်းနည်းပဲ ပေါင်းတာ”
ဒါ MBTI ကို ဆင်ခြေ အဖြစ် သုံးနေတာပါ။

“ငါက INFJ ဆိုတော့ လူတွေနဲ့ ပေါင်းပြီးရင်
ကိုယ့်ဘာသာ အားပြန်ဖြည့်ဖို့ အချိန် လိုတယ်”
ဒါ MBTI ကို ကိရိယာ အဖြစ် သုံးတာပါ။

Isabel Briggs Myers နဲ့ Katharine Cook Briggs —
မိသားစု ၂ ယောက် ပေါင်းပြီး
Carl Jung ရဲ့ Psychological Types ကို အခြေခံပြီး ဖန်တီးခဲ့တာပါ။

လူတွေကို အတင်း ၁၆ ကွက်ထဲ ထည့်ဖို့ မဟုတ်ပါဘူး။
ကိုယ့် ဦးနှောက် ဘယ်လို အလုပ်လုပ်သလဲ
ပုံစံ မြင်ဖို့ပါ။

အဓိက ၄ ခု ကြည့်ပါ။

E vs I — စွမ်းအင် ဘယ်ကနေ ဖြည့်သလဲ။

E (Extrovert) — လူတွေကြားမှာ စွမ်းအင် ဖြည့်တယ်။
I (Introvert) — တစ်ယောက်တည်း နေမှ စွမ်းအင် ဖြည့်ရတယ်။

ဒါ စကားပြောတာ များတာ နည်းတာ မဟုတ်ပါဘူး။
စွမ်းအင် ဘယ်ကနေ လာသလဲ ဆိုတာပါ။

Introvert ဝန်ထမ်းကို အစည်းအဝေး ၅ ခု ဆက်တိုက် ထည့်လိုက်ရင်
ညနေ ဘာမှ အလုပ်မဖြစ်တော့ဘူး။
သူ ပျင်းလို့ မဟုတ်ပါဘူး။ စွမ်းအင် ကုန်သွားလို့ပါ။

S vs N — သတင်းအချက်အလက် ဘယ်လို ယူသလဲ။

S (Sensing) — လက်တွေ့ ဖြစ်နေတာကို ကြည့်တယ်။
အသေးစိတ် ကြည့်တယ်။
N (Intuition) — ပုံစံ ကြည့်တယ်။ ဖြစ်နိုင်ခြေ ကြည့်တယ်။
အနာဂတ် ကြည့်တယ်။

S ဝန်ထမ်းကို “Big picture ကို ကြည့်” ပြောလိုက်ရင်
သူ ဘာလုပ်ရမလဲ မသိဘူး။
သူ့ကို “ဒီနေ့ ဒီ ၃ ခု လုပ်” ပြောမှ အလုပ်ဖြစ်တယ်။

N boss ကို “အသေးစိတ် အစီရင်ခံစာ” ပေးလိုက်ရင်
သူ ဖတ်မှာ မဟုတ်ဘူး။
သူ့ကို “အဓိက ၃ ကြောင်းနဲ့ ချုပ်ပေး” ပြောမှ ကြည့်တယ်။

T vs F — ဆုံးဖြတ်ချက် ဘယ်လို ချသလဲ။

T (Thinking) — ယုတ္တိနဲ့ ဆုံးဖြတ်ချက်ချတယ်။
မှန်မမှန် အချက်အလက် ကြည့်တယ်။
F (Feeling) — ခံစားချက်နဲ့ ချတယ်။
လူတွေ ဘယ်လို ခံစားရမလဲ ကြည့်တယ်။

T boss က ဝန်ထမ်းကို “ဒီ ရလဒ် မကောင်းဘူး” တိုက်ရိုက် ပြောတယ်။
F ဝန်ထမ်းက “ငါ့ကို မကြိုက်လို့” ကြားတယ်။

ဘယ်သူမှ မမှားပါဘူး။
T က fact ပြောတာ။ F က feeling ကြားတာ။
ဒါ သိရင် conflict အများကြီး ပျောက်သွားပါတယ်။

J vs P — ဘဝကို ဘယ်လို ကိုင်တွယ်သလဲ။

J (Judging) — အစီအစဉ် ချမှ အလုပ်ဖြစ်တယ်။
ကြိုတင်စီမံတယ်။ စပြီးတာကို ပိုအောင်လုပ်တယ်။
P (Perceiving) — ပြောင်းလွယ်ပြင်လွယ် ဖြစ်ချင်တယ်။
မီးစင်ကြည့်ကတယ်။

J partner နဲ့ P partner ဆို
ခရီးသွားတာ တစ်ခုတည်းနဲ့ ရန်ဖြစ်နိုင်ပါတယ်။
J က “ဒီနေ့ ၉ နာရီ ဒီကို သွားမယ်” ချထားတယ်။
P က “ဒီနေ့ ဘာဖြစ်မလဲ ကြည့်ရအောင်” ပြောတယ်။

ဘယ်သူမှ မမှားပါဘူး။ ကွဲတာပါ။

MBTI ရဲ့ တကယ့် တန်ဖိုးက
“ငါ ဘယ် type” သိတာ မဟုတ်ပါဘူး။

ကိုယ်နဲ့ မတူတဲ့သူကို
“သူ မှားနေတာ” အစား
“သူ ကွဲတာ” လို့ မြင်တတ်လာတာပါ။

ဒါ မြင်တတ်တဲ့ နေ့
ကိုယ့် team ပြောင်းပါတယ်။
ကိုယ့် relationship ပြောင်းပါတယ်။
ကိုယ့်ဘဝ ပြောင်းပါတယ်။

Phyo Paing @ Derek

Share Your Idea!​