ဒီကောင်ကွာ အရူးပဲ။
ဆေးကျောင်းမပြီးသေးဘူး
accounting သင်တန်းတွေနဲ့
အပြိုင်တက်နေတာတဲ့။
ဒီကောင်စားတယ်ကွာ၊
ငါတို့နဲ့ game မဆော့ဘူး။
website တွေလျှောက်ကလိပြီး
post တွေတင်နေတယ်။
ဝယ်တဲ့ သူလဲရှိတာမဟုတ်ဘူး။
ဒီကောင်ကွာ သီချင်းနားမထောင်ပဲ
ဘာမှန်းမသိတဲ့ ဝူးဝူးဝါးဝါး
မော်တီတွေ နားထောင်နေတယ်။
အေးအေးဆေးဆေး ဘဝကို
သာသာယာယာ ဖြတ်သန်းစမ်းပါ။
ဒီကောင်ကွာ ကျောင်းပြီးတာ
အေးဆေး ဆေးရုံမှာ ဝင်မလုပ်ပဲ
သင်တန်းတွေ လျှောက်တတ်ပြီး
ဆေးကုမ္ပဏီ ဝင်လုပ်နေတယ်။
ဒီကောင်ကွာ ဆေးကုမ္ပဏီလုပ်ရင်း
ဘွဲလွန်တွေလျှောက်တတ်ပြန်ပြီ။
ငါတို့ ဝိုင်းမ join တော့ဘူး။
ဒီကောင်ကွာ ဒီလောက်ကောင်းတဲ့
အလုပ်ထွက်ပြီး ဆိုင်ဖွင့်တယ်တဲ့။
ဂျပန်ခရီးစဥ်လဲ မလိုက်တော့ဘူးတဲ့။
ပြီးရင် April တစ်လ free လစာရမှာလဲ
မယူဘူး။ စားတယ်ကွာ။
လုပ်ချင်တာ လျှောက်လုပ်နေတာ။
မောင်လေးက တော်တော်စဥ်းစားတယ်နော်။
တရက်တရက် facebook မှာ
ဘာတွေလဲ မသိဘူး အများကြီးတင်တယ် 😀
ညီလေးက ခုမှ thesis လုပ်တုန်း၊
ကိုယ်တိုင်သင်တန်းဖွင့်မယ်ဆို
ကြည့်ကျက်လုပ်အုံးနော်။
ဒီကောင်ကွာ သူ့နာမည်ကြီးနဲ့ page ကြီး
ဖွင့်ပြီး ဘာတွေ လုပ်နေပြန်ပြီလဲမသိဘူး။
ဒီကောင်ကွာ ရန်ကုန်တွေလဲသွားပြီး
သင်တန်းတွေ ဖွင့်လို့။
ဒီကောင်ကွာ ………….
ဒီကောင်ကွာ ………….
ဒီကောင်ကွာ ………….
The rest is the history ပဲ။
ဘဝမှာ အဲ့လို အချိန်တွေကို
အပြုံးမပျက်ပဲ ရှေ့ဆက်ခဲ့တဲ့
အချိန်တွေ လူတိုင်းမှာ
ရှိတတ်ခဲ့ကြတယ်။
(2014 March)
Phyo Paing @ Derek