တခြားသူတွေ ကိုယ့်ကိုမြင်တဲ့
အမြင်ထက်
ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်
အရေးကြီးတယ်။
ဒီခန္ဓာကိုယ်ကြီးနဲ့ တစ်သက်လုံးနေရမည့်သူက
ကိုယ်ပဲ။
ဒါကြောင့်တခြားသူတွေအထင်အမြင်ထက်
ကိုယ့်ကိုယ်ကို မြင်တဲ့
အထင်အမြင်အရေးကြီးတယ်။
လူတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းဟာ
အချိန်နဲ့ အမျှပြောင်းနေတယ်။
နောက်ပြီး ကိုယ့်အကြောင်း ၂၄ နာရီ
စဥ်းစားနေနိုင်တာလဲ မဟုတ်ဘူး။
ကိုယ့်ခန္ဓာနဲ့ ၂၄ နာရီအတူရှိနေတာ
ကိုယ်တိုင်ပဲ။
ဒါကြောင့် ကိုယ့်ကိုယ်ကို
အထင်မသေးမိအောင် ကြိုးစားပါ။
မဖြစ်ဖြစ်အောင် လုပ်မယ်လို့
ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိတည်ပါ။
Phyo Paing @ Derek