Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီဂျစ်တယ်ပိုင်ဆိုင်မှု သေချာလုပ်ကြပါ

လူငယ်ဆို နည်းပညာ ကုန်ပစ္စည်းထုတ်။
ကိုယ်က အသက် ၄၀ အောက်ဆို
နည်းပညာ ကုန်ပစ္စည်းထုတ်ဖို့စဥ်းစားကြည့်။

နည်းပညာကုန်ပစ္စည်းဆိုတာ
Website တို့၊ App တို့ပါတယ်။

Asset (ပိုင်ဆိုင်မှု) ဆိုတာ
ကိုယ့်အိတ်ထဲကို ငွေထည့်ပေးတဲ့အရာ။

ဒီနေ့ခေတ် ကိုယ့်အိပ်ထဲငွေထည့်ပေးတဲ့အရာက
အိမ်၊ ခြံ၊ မြေတစ်ခုတည်းမဟုတ်တော့ဘူး။

မြေက တန်ဖိုးရှိတာမဟုတ်ဘူး။
လူအများစုနေတဲ့ နေရာမှာရှိတဲ့ မြေကပဲတန်ဖိုးရှိတာ။
သေချာစဥ်းစားကြည့်လေ ရှင်းလေပဲ။
လူမနေတဲ့နေရာမှာရှိတဲ့ မြေက တန်ဖိုးသိပ်မရှိဘူး။
လူများများ၊ လူစည်ကားတဲ့နေရာမှာရှိတဲ့
မြေက ပိုတန်ဖိုးရှိတယ်။

ဒီသဘောတရားအတိုင်းပဲ
ဒီဂျစ်တယ်ကုန်ပစ္စည်းတိုင်းက
တန်ဖိုးရှိတာမဟုတ်ဘူး။
လူများများသုံးနေတဲ့
ဒီဂျစ်တယ်ကုန်ပစ္စည်းတွေဖြစ်တဲ့
Website/ App တွေက တန်ဖိုးရှိတာ။

အဖိုး၊ အဖေ၊ အမေခေတ်က
တန်ဖိုးထားခဲ့တဲ့ ရွှေ၊ မြေ၊ လက်ဝတ်ရတနာတွေက
သူ့ဟာနဲ့ သူ တန်ဖိုးရှိသလို
ဒီနေ့ခေတ်က ဒီဂျစ်တယ် ပိုင်ဆိုင်မှု
digital asset တွေကလဲ တန်ဖိုးရှိတယ်။

တစ်လကို လူပေါင်း ၄ သန်းအထက်
ကိုယ်ပေးချင်တဲ့ message တွေရောက်ပြီး
တစ်နှစ် $100k တစ်သိန်းအထက်ရှာပေးတဲ့
Page တစ်ခုက ဘယ်လောက်တန်မလဲ။

သေချာတာတစ်ခုက လူစည်ကားတဲ့
စူပါမားကတ်ထဲမှာ ဆိုင်ဖွင့်ထားသလိုပဲ။
ဒါက Digital Asset ဒီဂျစ်တယ်ပိုင်ဆိုင်မှုလို့ခေါ်တယ်။

ငွေကိုတောင် အစားထိုးဖို့
အစိုးရထုတ်ထားတဲ့ fiat money အစား
digital ငွေကြေးတွေဖြစ်တဲ့
bitcoin တို့၊ crypto တို့နဲ့
ကြိုးစားနေကြတာလဲ အမြင်ပဲ။

ပြောချင်တာ ဒီဂျစ်တယ်ကုန်ပစ္စည်းတည်ဆောက်
ဒီဂျစ်တယ်ပိုင်ဆိုင်မှု သေချာလုပ်ကြပါ
လုပ်ငန်းရှင် အားတီ၊ အားမေတို့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​