Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။

လွတ်နေတာ ကောင်းတယ်။

ဒီလူလွတ်နေတယ်ကြားဖူးလိမ့်မယ်။
တခါတလေ အသိုင်းအဝိုင်း၊
အဖြစ်အပျက်၊
အတိတ်ရဲ့ရလဒ်ကြောင့်ဖြစ်လာတဲ့
ချုပ်နှောင်မှုတွေ၊
ဘဝပေးအခြေအနေကနေ
“လွတ်” နေတာ ကောင်းတဲ့အချက်ဖြစ်နိုင်တယ်။

အခြေအနေတွေက ကိုယ့်ကိုဖန်တီးလို့ရတယ်။
ကိုယ်က အခြေအနေတွေကို ဖန်တီးလို့ရတယ်။

ဦးနှောက်မှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံနီးပါးရှိတယ်။
ဒါကြီးမသုံး ဘာသွားသုံးမလဲ။

ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။

စူးစမ်းချင်စိတ်၊
လေ့လာသင်ယူလိုစိတ်၊
အနာဂတ်ကို အကောင်းမြင်ပြီး
တွေးရဲ၊ ကြံရဲ၊ လုပ်ရဲတဲ့စိတ်နဲ့
ကိုယ့်ရဲ့ အကောင်းဆုံး
လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲတဲ့
ဗားရှင်းဖြစ်ဖို့က
ဘဝပေးအခြေအနေထက်ကျော်ပြီး
စဉ်းစားနိုင်မှ ရနိုင်တတ်တာမျိုး။

တခါတလေ လွတ်နေတာ
Reality distortion field ထဲ နေနေတာ
ကောင်းတဲ့အချက် အများကြီးရှိတယ်။

Phyo Paing @ Derek

Share Your Idea!​