Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့ကို အာရုံပြုပါ။

အနာဂတ်ကို ဘယ်လောက်ပဲ
စီမံကိန်းချချ
ကိုယ်အစိုးရတာ “ဒီနေ့”ပဲ။

ဒီ “၂၄ နာရီ” က လူတစ်ယောက်ရဲ့
အသက်ဆိုလဲ မမှားဘူး။

ဒီနေ့ကို ဘယ်လို အကောင်းဆုံး
အသုံးချမလဲ။
ဒီမေးခွန်းက အရေးကြီးတယ်။

ဘာလိုလိုနဲ့ နောက်လေးလဆို
၂၀၂၄ က ကုန်ပြန်ပြီ။

ခေတ်ကာလအပြောင်းအလဲနဲ့
အမီလိုက်နိုင်ပြီး
ကိုယ်လုပ်တဲ့ နယ်ပယ်မှာ
ရှေ့ကပြေးနေဖို့ စဥ်ဆက်မပြတ်
လေ့လာမှုလုပ်နေဖို့လိုတယ်။

ကိုယ်စိတ်နဲ့ ခန္ဓာအတွက်
ဂရုစိုက်ဖို့လိုသလို
ဘဝက ပေးလိုက်တဲ့ သင်ခန်းစာတွေကို
သင်ယူပြီး တွေ့ရှိချက်အသစ်
အသိပညာအသစ်တွေနဲ့
နေ့စဥ် ရှေ့ဆက်နေရမှာပဲ။

မဖြစ်သေးတဲ့အနာဂတ်ကို
စဥ်းစားပြီး နှိုင်းယှဥ်တဲ့အခါ
ရင်မောမယ်။

တခြားသူတွေပြီးလုနီးပါးဖြစ်တဲ့
ပန်းချီကားနဲ့
ကိုယ်ခြယ်သနေတဲ့
ပန်းချီကားနဲ့နှိုင်းယှဥ်ရင်
ရင်မောမယ်။

အရေးကြီးတာ “ဒီနေ့”ဟာ
ကိုယ်ဂုဏ်ယူတဲ့အရာတွေ
လုပ်လိုက်တဲ့နေ့။
ကိုယ့်ဒီနေ့နဲ့ အနာဂတ်အတွက်
အကောင်းဆုံးအသုံးချလိုက်တဲ့
နေ့တစ်နေ့ဖြစ်ဖို့လိုနိုင်တယ်။

ဒီနေ့ကို အာရုံပြုပါ။

Phyo Paing @ Derek

Share Your Idea!​