အားချန့်နင်က မားကတ်တင်း
ဆရာကြီးလုပ်နေပြီး ငါ့ကိုလဲ
ဘာလုပ်ရမလဲ အကြံပေးအုံး။ 
ထုံးစံအတိုင်း ကိုယ့်အမေက ကိုယ့်ကိုရစ်ပြီ။ 
7P တွေ၊ STP တွေပြောနေရင်
တိုင်ပတ်နေအုံးမယ်။ 
ဒါကြောင့် တစ်ခုပဲပြောလိုက်တယ်။ 
“ဘာလုပ်လုပ်တင်” လို့။ LOL 
ထမင်စားလဲ တင်၊ 
ရေသောက်လဲ တင်၊ 
စျေးရောင်းလဲ တင်၊ 
ဖောက်သည်လာလဲ တင်။ 
တချို့တွေ Boost ဆိုတာ ဘာလဲမသိ
တင်ချင်တာတွေ တင်ပြီး 
အလုပ်ဖြစ်နေတာ အများကြီးပဲ။ 
တချို့ Influencer တွေဆို 
Boost မလုပ်ဖူးတာမှ အများကြီး။ 
ဟဲ့ ငါတင်တာတွေ သူများကပြောရင်
ဘယ်လို လုပ်မလဲတဲ့။
Post now, edit later လို့၊
တင်ပြီးမှ ပြင်လို့။ 
သတင်းစာတိုက်တွေတောင်
သတင်းတစ်ခုတက်လာရင် 
အရင်တင်ပြီး မှားရင်မှားကြောင်းပြန်တင်တာလို့။
ဒီနေ့ခေတ်က ကြီးတဲ့ငါးက 
ငယ်တဲ့ငါးစားတာမဟုတ်ဘူး
မြန်တဲ့ငါးက ကြီးတဲ့ငါးကိုစားတာဆိုတာ
ကြားဖူးလိမ့်မယ်။ 
ဒါကတော့ ကျွန်တော်ပေးနေကျ
Marketing အကြံပဲ။ 
Quality က ကျွမ်းကျင်လေလေ
တိုးတက်လာလေလေဖြစ်လိမ့်မယ်။ 
University of Florida က သုတေသန
လုပ်သလိုပဲ အကောင်းဆုံး
ဓာတ်ပုံတွေရိုက်ပြီး ယူခဲ့ဆိုတာနဲ့၊ 
ရိုက်နိုင်သမျှရိုက် ဆိုတဲ့ 
အရည်အသွေးနဲ့ အရေအတွက်နဲ့
နှစ်ခုနှိုင်းယှဥ်တဲ့အခါ 
အရေအတွက်များအောင်ရိုက်တဲ့အဖွဲ့က
ပုံတွေ အများကြီးပိုကောင်းတာတွေ့တယ်။ 
ဒါကြောင့် လူတွေထင်ထားသလို 
နည်းနည်းပဲ ထုတ်ပြီး 
ငါက Quality ကွာလတီထိန်းတာပါဆိုတာ
ဒီနေ့ခေတ်မှာ လက်တွေ့သိပ်မကျတော့တဲ့
အယူအဆဖြစ်လာပြီ။ 
ကဲ ပြောရတာအရှည်ကြီးပဲ။ 
“ဘာလုပ်လုပ်တင်”။ 
လှည့်ကြည့်စရာမလိုတဲ့ 
မားကတ်တင်း team တည်ဆောက်ပါဆိုပြီး
စာအုပ်ထုတ်လိုက်ရမလား? 😀
Phyo Paing @ Derek
 
				 
								 
								 
								 
								 
								 
								 
								