ဒီနေ့ခေတ် လူငယ်တွေအနေနဲ့ recession-proof နဲ့ pandemic-proof business တစ်ချို့ရှိတယ်။ ဒီ Business တွေအားလုံးက အရင်းအနှီးအများကြီးမလိုဘူး။
၁။ Online Shop
Online Shop စတင်တဲ့ ကောင်းတဲ့အချက်က Operating expense တွေအများကြီးမကုန်သလို၊ ကိုယ်က communication ကောင်းမယ်၊ ရောင်းတတ်မယ်ဆို စတင်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီအတွက် အရေးအကြီးဆုံး Skill လေးခုကတော့ Marketing, Sale, Inventory Control နဲ့ Finance ပါ။ ကိုယ့် online shop ကိုလူတွေဘယ်လိုမြင်စေချင်သလဲ၊ ဘယ်လိုရောင်းမလဲ အမြဲခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ ဘာတွေလုပ်မလဲ စဥ်းစားရသလို၊ ကုန်ပစ္စည်းတွေ မကျန်ဖို့ စဥ်းစားရတယ်။ ကျန်တဲ့ ကုန်ပစ္စည်းတွေကို ဘယ်လို promotion plan နဲ့ ထုတ်မလဲစဥ်းစားရသလို၊ ငွေရေးကြေးရေးမှာလဲ cash operating cycle ကိုကစားတတ်ဖို့ trade discount ကိုဘယ်လိုအသုံးချမလဲ သိရမယ်။ ဒီနေ့ခေတ်ဆို Live Sale တွေပါလာမယ်။
၂။ Influencer
Lifestyle, Travel, Food, Beauty, Tech, Car, etc အစရှိတဲ့ နယ်ပယ်တွေမှာ influencer ကို စီးပွားဖြစ်လုပ်လို့ရပါတယ်။ တကယ်လဲလုပ်ပြီး ဝင်ငွေတွေ သောက်သောက်လဲရနေတဲ့သူတွေရှိနေပါပြီ။ ဒီအတွက်ကတော့ ဒီနေ့ခေတ်မှာ video content တွေကို VCR နဲ့သွားလို့ရပါတယ်။ ကိုယ် audience တွေအတွက် Valuable ဖြစ်မယ်၊ Consistent ရှိရှိပုံမှန်တင်သွားမယ်၊ Relevant ဖြစ်တဲ့ content တွေတင်သွားမယ်ဆို audience base တစ်ခုကိုတည်ဆောက်နိုင်ပြီး ဝင်ငွေကို ကြော်ငြာ post တွေတင်ပေးတာ၊ product ကို endorsed လုပ်ပေးတာကနေလုပ်လို့ရပါတယ်။ Video content တွေအတွက် idea, editing နဲ့ client သို့ marketing agency တွေနဲ့ပြောဆိုဆက်ဆံတတ်ဖို့လိုမယ်။ ဒီနောက်ပိုင်း influencer တွေ အောင်မြင်လာတဲ့အခါ Channel အသစ်တွေတည်ဆောက်လာတာမျိုးရှိတယ်။ တချို့ဆို Creator Academy တို့ဖက်ပိုင်းကိုပါ ရွေ့လာတယ်။
3. Online Course
ကိုယ်က Yoga ကျွမ်းကျင်တယ်။ ဒါမှမဟုတ် ဟင်းချက်နည်းတစ်ခုခုသိတယ်။ ဒါမှ မဟုတ် ကျွမ်းကျင်မှုတစ်ခုခုရှိတယ်ဆိုရင် ဒါကို တခြားသူတွေကို ပြန်သင်ပေးဖို့ Online Course တွေဖန်တီးခြင်းဟာလည်း ဒီနေ့ခေတ်ဟာ Expert တွေအတွက် business တည်ဆောက်လို့ရတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
4. Freelancing
ဒီနေ့လို Gig economy/ sharing economy မှာ ကိုယ့်မှာ ကျွမ်းကျင်မှုတစ်ခုရှိတယ်ဆို အလွတ်တမ်းပညာရှင် freelancer လုပ်လို့ရပါတယ်။ Digital Marketing ပဲဖြစ်ဖြစ်၊ Graphic design သို့မဟုတ် Freelancing လုပ်လို့ရတဲ့ အလုပ်တွေအများကြီးရှိနေပါပြီ။
5. Consulting
ဥာဏလုပ်သားတွေအတွက် နောက်ထပ်ကြီးလာမည့် စျေးကွက်တစ်ခုကတော့ Consulting ဖြစ်ပါတယ်။ Management Consulting, HR, Finance, IT, System အစရှိတဲ့ consulting market ဟာ လုပ်ငန်းတွေရဲ့လိုအပ်ချက်အရ third party consultants တွေရဲ့လိုအပ်ချက်က များလာမှာဖြစ်တဲ့အတွက် ဒီနေ့ခေတ် ကျွမ်းကျင်လုပ်သားတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
6. Agent
Feb 2019 မှာ ခွင့်ပြုပြီး အာမခံလုပ်ငန်းအနေနဲ့ မြန်မာနိုင်ငံကို USD 200 Million investment ရောက်လာတာနဲ့အတူ Financial service တွေ ကြီးထွားလာအုံးမှာဖြစ်ပါတယ်။ ဒီမှာ Agent တွေအနေနဲ့ fulltime or parttime side job တစ်ခုအနေနဲ့လုပ်လို့ရလာမည့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။
7. Affiliated Marketing
မကြာခင်ကပဲ dreamlab.news မှာ affiliated marketing ကို influencer တချို့နဲ့ စမ်းဖြစ်ပါတယ်။ affiliated code တစ်ချို့ပေးထားပြီး register လုပ်တဲ့နေရာမှာ code ထည့်လိုက်တာနဲ့ influencer တွေကို commission ပေးတဲ့စနစ်ပါ။ နိုင်ငံခြားမှာတော့ youtube မှာ content တွေလုပ်တဲ့အခါ affiliated link တွေချထားပြီး အဲ့ကတစ်ဆင့်ဝယ်ရင် commission ရတဲ့ပုံစံဖြစ်ပါတယ်။
8. Media
ဒီနောက်ပိုင်း influencer တွေက နောက်တစ်ဆင့်တက်ချင်တဲ့အခါ Media company တစ်ခုအနေနဲ့စလာကြပါတယ်။ Nasdaily ဆို အရင်က influencer ခုနောက်ပိုင်း သူ့ကိုယ်သူ media company တစ်ခုလို စဥ်းစားပြီးစလာကြတယ်။ Magazine တို့၊ Journal တို့ ကျဆုံးနေတဲ့အချိန်မှာ Internet အသုံးပြုပြီး Media တစ်ခုတည်ဆောက်လာပြီး အရမ်းကြီးတဲ့ business တွေဖြစ်လာကြတယ်။ MC ဆို သာဓကပဲ။ နောက်ပိုင်းမှာတော့ Lifestyle media တွေ၊ Men, Women အပြင် နောက်ပိုင်း Financial services တွေနဲ့အတူ Financial media တွေလဲ grow ဖြစ်လာမယ်လို့ယူဆတယ်။ ဒီ business ကလဲ အစပိုင်းမှာ အရင်းအနှီးအများကြီးမလိုပဲ စတင်လို့ရတဲ့ business ဖြစ်ပါတယ်။
9. Subscription business
Vitamin နဲ့ supplement တွေကို နိုင်ငံခြားမှာတော့ subscription လစဥ်ကြေးနဲ့ ရောင်းပြီးကြီးလာတဲ့ business တွေများလာပါပြီ။ လစဥ်ကြေးနဲ့သွားတဲ့အတွက် automatic customers တွေများလာမယ်။ ပုံမှန် income တစ်ခုရှိလာမယ်။ Website အသုံးပြုပြီး content library လိုမျိုးပါ subscription business တစ်ခုအနေနဲ့ စတင်လို့ရပါတယ်။
ဒီကိုးမျိုးဟာ ၂၀၁၁ ကတည်းက ကိုယ်တိုင်စမ်းသပ်ပြီး ကျွန်တော်တို့နိုင်ငံမှာ စတင်လို့ရနေပါပြီ။
Phyo Paing @ Derek