Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့
အမြင်က ပြောင်းလဲလာပြီ။

သိန်း ၃၀၀၀ တန် ကွန်ဒိုဝယ်ထားပြီး
ရန်ကုန်လိုနေရာမှာပြန်ငှားရင်
အကြမ်းဖျင်း ၁၀ သိန်းကနေ ၁၅ သိန်းကြားရမယ်။
တကယ်လို့ ကိုယ်ကျွမ်းကျင်တဲ့
digital asset တစ်ခုမှာ
သိန်း ၅၀ -၂၀၀ လောက်ရင်းရင် စနစ်ရှိရင်
ဒီဝင်ငွေက ၆ လအတွင်း ချက်ချင်းပြန်ရနိုင်တယ်။

ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့
အမြင်က ပြောင်းလဲလာပြီ။

Asset ပိုင်ဆိုင်မှုဆိုတာ ကိုယ့်အိတ်ထဲ
ပိုက်ဆံထည့်ပေးတဲ့အရာတွေကိုခေါ်တာ။

အိမ်ဝယ်ပြီး ပြန်ငှား passive income ရတာက
ဒါလဲ asset တစ်ခုပဲ။
Youtube channel တစ်ခုလုပ်
ကြော်ငြာကနေ ဝင်ငွေရ ဒါလဲ asset တစ်ခုပဲ။

ဒီနေ့ခေတ်မှာ Digital Asset တွေက
အရေးကြီးတယ်လို့မြင်တယ်။
ကိုယ့် Facebook Page နဲ့
Social media channel တွေ၊
Website, App နဲ့ Digital ကုန်ပစ္စည်းတွေ။
ဖောက်သည်တွေရဲ့ ဒေတာတွေ။
Customer list တွေ။
ဒါတွေက Digital Asset တွေပဲ။

တချို့က Digital Asset တွေကို
နောက်တစ်ဆင့်ယူဆောင်သွားတယ်။

ဒါကိုတော့ Leveraged assets လို့ခေါ်တယ်။
ဥပမာ Uber ဆို taxi တစ်စီးမှမရှိဘူး။
ရှိနေပြီးသား မောင်းသူတွေကို
ကုတ်အားကန်အား leverage ရယူတယ်။
Airbnb ဆို အိမ်မှာပိုနေတဲ့အခန်းတွေကနေ
ဝင်ငွေရအောင် ကူညီပေးတဲ့
leveraged asset လုပ်တယ်။

Nokia က ဥရောပမှာအကြီးဆုံး
roadmapping လုပ်တဲ့ Navteq ကို 8.1 Billion နဲ့
ဝယ်တဲ့အချိန်မှာ Wave လို ကုမ္ပဏီအသေးလေးက
Leveraged asset အသုံးပြုပြီး
အနိုင်ယူသွားတယ်။
အစ္စရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wave ဆို
ဖုန်းမှာပါတဲ့ GPS စနစ်အသုံးပြုပြီး
crowdsourcing location လုပ်သွားတယ်။
2013 June မှာ Google က
Wave ကို $1.1 Billion နဲ့ ဝယ်သွားခဲ့တယ်။

Marketing မှာဆိုရင်
UGC လို့ခေါ်တဲ့ user-generated content တွေက
leveraged asset ပဲ။

လူတွေသာ မြန်မာပြည်မှာ အင်တာနက်မရှိတော့ရင်
တခြားနေရာ အများကြီးရောက်ကုန်မယ်လို့ယူဆတယ်။
ဒီတော့ Digital အပိုင်းက နောက်ပြန်ရောက်ဖို့
ခက်လိမ့်မယ်လို့ ယူဆတာပဲ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​