Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့ခေတ် ငွေရှာတဲ့ စီးပွားရေးပုံစံလေးမျိုးရှိတယ်။

ဒီနေ့ခေတ် ငွေရှာတဲ့ စီးပွားရေးပုံစံလေးမျိုးရှိတယ်။
ဒီ Business Model လေးမျိုးက

တချို့တွေက လူတွေရုန်းရုန်း ရုန်းရုန်းနဲ့
စုစည်းပြီး ငွေရှာရတာကြိုက်တယ်။
ဒါကို Community တည်ဆောက်တယ်လို့ခေါ်တယ်။
အသိုက်အဝန်းတည်ဆောက်ဆိုပြီးပြောလိမ့်မယ်။
ဒါကို Event-focused business model လို့ခေါ်တယ်။

နောက်တစ်မျိုးက ဝန်ဆောင်မှုတွေ
ရောင်းရတာ ကြိုက်တဲ့အမျိုး။
ဖောက်သည်အခြေပြုစီးပွားရေး မော်ဒယ်။
Client-focused business model

နောက်တစ်မျိုးကတော့
ကုန်ပစ္စည်းအသားပေး စီးပွားရေးပုံစံ။
ကုန်ပစ္စည်းထုတ်ပြီးရောင်းဖို့ အားသာတဲ့ မော်ဒယ်ပုံစံ။
ဒါကို Product-focused business model

နောက်တမျိုးကတော့ လစဥ်ကြေး မော်ဒယ်ပုံစံ။
လစဥ်ကြေးနဲ့ သွားတဲ့ပုံစံ။
ဒါကို subscription-focused business model လို့ခေါ်တယ်။

ကိုယ်လုပ်ငန်းက ဒီလေးခုမှာ
ဘယ်တစ်ခုကို သေချာသုံးလေးလဲ
မရှိရင် တိုင်ပတ်နေတတ်တယ်။

ဥပမာ Online Shop ဝယ်ပြီးပြန်ရောင်းတယ်ဆိုပါတော့
ကိုယ့်ကိုချစ်တဲ့ဖောက်သည်တွေကို
Live လွင့်ပေးတာ၊ သူနဲ့ကို ငါတို့အဖွဲ့ဆိုတဲ့ tribe တစ်ခုလို
ခံစားစေတာ Event-focused.
Pinduoduo တို့ Groupon တို့ဆို
လူစုပြီးစျေးဝယ်ရင် discount ရတာမျိုးတို့ပေါ့။

နောက်တစ်မျိုးက ကိုယ့်ကုန်ပစ္စည်း သို့
ကိုယ်တိုင်နာမည်နဲ့ထုတ်ပြီး
စျေးကွက်ဖြန့်တာကို သဘောကျတာ။
ဒါကို Product-focused ပေါ့။

Coaching တို့၊ Agency တို့၊ Service ဝန်ဆောင်မှုပေးတဲ့အခါကျ
client-focused ပေါ့။

နောက် လစဥ်ကြေးနဲ့ သွားတာကတော့
ဒီနေ့ခေတ်မှာ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ချင်ရင် အလုပ်သင့်ဆုံး။
Microsoft လဲ သူ့ software တွေအားလုံး
လစဥ်ကြေးနဲ့ပဲ။
Grab လဲ promotion တွေအမြဲရချင်ရင်
လစဥ်ကြေးနဲ့ပဲ။
နည်းပညာ ကုန်ပစ္စည်းဖြစ်ရင်ပိုကောင်းတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​