Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက်
အချိန်အများကြီး ခြွေတာပေးရမယ်။
ဒါက ကျွန်တော့်ရဲ့ အချိန်စီမံခန့်ခွဲမှု
အတွေးအခေါ် philosophy ပဲ။

ပြန်မရနိုင်တော့တာ အချိန်ပဲ။
လူတွေမှာရှိတဲ့ အဖိုးအတန်ဆုံး
အရင်းအမြစ်ကလဲ အချိန်ပဲ။
နာရီလက်တံက အချိန်နဲ့အမျှ
လည်ပတ်နေတယ်။

ကျောင်းပြီး ဆေးမကုတော့
နှမြောစရာကြီးလို့ လာပြောကြတယ်။
ဟုတ်တယ်လို့ပဲ ပြန်ပြောလိုက်တယ်။
အများကြီး မရှင်းပြချင်လို့။
သာမာန်လူတွေက ဖြစ်နိုင်ခြေ
Option တစ်ခုပဲမြင်တာဖြစ်နိုင်တယ်။
ရွေးချယ်လို့ရတဲ့ လမ်းကြောင်း
အခု ၁၀၀ လောက် ချပြလို့ရတယ်။

ကိုယ့် strength က
Maximizer ဖြစ်တဲ့အတွက်
ရှိပြီးသားအရာတွေရဲ့ ဖြစ်နိုင်တဲ့
အလားအလာတွေကို ရှင်းရှင်းလင်းလင်းမြင်သလို
ကောင်းပြီးသားအရာတွေကို
ပိုကောင်းအောင် လုပ်ပေးချင်တယ်။

လူတွေရဲ့ဦးနှောက်ကို limitless ထဲက
Bradley Cooper လို LSD မလိုပဲ
ဦးနှောက်စွမ်းပကားကို လှုပ်နှိုးနိုင်အောင်၊
မသိစိတ်စွမ်းပကားကို အသုံးချနိုင်အောင်
ကိုယ့်ရဲ့ best version ဖြစ်အောင်ပုံဖော်နိုင်အောင်
ဒါတွေလုပ်ဖို့အတွက် လေ့လာခဲ့တဲ့
English, Burmese, Chemistry, Physics အပြင်
Zoology နဲ့ Botany က တော်တော်လေး
အထောက်အကူပြုသလို
ဒုတိယနှစ်မှာလေ့လာခဲ့တဲ့ Anatomy က
ဘယ် muscle ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ
ကောင်းကောင်းသိစေခဲ့တဲ့အတွက်
Fitness အတွက်အထောက်အကူပြုတယ်။

Biochemistry နဲ့ Physiology က
Productivity hacking အတွက် မရှိမဖြစ်ပဲ။

တခြား ဥပဒေရေးရာ ဆေးပညာ Forensics တို့၊
Pharmacology, Microbiology, Medicine,
Surgery, Child, OG ကနေ လေ့လာလို့ရခဲ့တာကတော့
Root-cause analysis ပဲ။
ဒါ Consulting မှာ ပြဿနာအဖြေရှာရင်
အလွန်အသုံးဝင်တယ်။

လူနာရောဂါရာဇဝင်မေးတာ၊
စမ်းတာ၊ Diagnosis လုပ်၊ Treatment ပေးတာ
Business Consulting မှာ သွားတာအတူတူပဲ။

ဆေးပညာမှာ evidence-based medicine
သွားသလို positive psychology intervention မှာ
Result ဘယ်လောက်
consistent ဖြစ်သလဲကြည့်တယ်။

နောက်ပိုင်းလေ့လာခဲ့တဲ့ ဘာသာစကားတွေ
ပညာရပ်တိုင်းဟာ အလကားမဖြစ်ဘူး။
တစ်ချိန်မှာ ဆုံမှတ်ရှိလိမ့်မယ်။

ဒါကြောင့် တစ်ခုခုဆို အဝေဖန်မစောပါနဲ့။
ဘယ်အချိန် dots တွေ ချိပ်ဆက်မယ်
Connection the dots ဖြစ်မလဲ မသိနိုင်ဘူး။

Phyo Paing @ Derek

Share Your Idea!​