တခါတခါ အမျိုးတွေနဲ့တွေ့လို့
ဘာလုပ်နေလဲမေးရင်
တော်တော်ရှင်းပြရခက်တယ်။
Business Trainer, Consultant ပေါ့။
YEC Learning Center
သင်တန်းကျောင်းဖွင့်ထားတယ်ပေါ့။
ToeTet, DreamLab, Akyanpay,
Sapwar, Nyan Htet, Mindmax,
Dr Thuta, Thukha, DanaDaily
ဒါတွေနဲ့ နောက်ထပ်လုပ်မည့်
ဆယ့်ငါးခုလောက်ထိုင်ပြောနေရင်
ပိုရှုပ်ကုန်မယ်။
ဒါတွေအကုန်လုံးက Niche Brand တွေ
လည်လဲလည်ပတ်နေပြီ။
Paid users
လူ ၂၀၀၀၀ လောက်ပဲ target ထားတာ
အပြင်ကလူတွေကို ရှင်းပြရ
သိပ်မလွယ်ဘူး။
> 60 Lakh အထက်ပဲ လက်ခံပြီး
Website ပေါင်းများစွာ
လုပ်ပေးခဲ့တဲ့ ပူးတွဲတည်ထောင်ထားတဲ့
DigitalSeed Agency
နောက် ကူညီပေးနေတဲ့ Australia
အခြေစိုက် ကလေး coding school
CIY Club
တခြား Business Model သေချာ
မစဉ်းစားရသေးတဲ့ထဲမှာ
DigitalZay, Eainshar ပါတယ်။
Intern တွေနဲ့ချိတ်ပေးမယ့်
Aplus Myanmar နဲ့
ဒီနှစ်ထဲ CreaThit စမယ်
နောက် ၂၀၂၃ မှာ Sa2 စနစ်
Studio လာမယ်။
Personal, Professional, Business
ဒီသုံးခုထဲက အဓိကလုပ်တယ်။
စဉ်းစားထားတာတွေ အများကြီးရှိသေးတယ်။
ကျွန်နော့် rule က
ဘယ်လိုဖြစ်ဖြစ် လုပ်ငန်းတိုင်းအမြဲတမ်း
Profitable ဖြစ်ရမယ်။
Predictable revenue ရှိရမယ်။
ဒီနေ့အတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။
2030, 2040, 2050 နဲ့ beyond အတွက်
ပြင်ဆင်နေတာဆိုရင်ပိုမှန်မယ်။
သက်လုံဘယ်သူပိုကောင်းမလဲ
ပြိုင်တဲ့ပွဲပဲ။
2050 နဲ့အထက်မှာ ဘယ်သူဘာဖြစ်နေမလဲ
စိတ်ဝင်စားဖို့ကောင်းတယ်။
Phyo Paing @ Derek