တချို့အရာတွေက
ဆုံးရှုံးမှ တန်ဖိုးထားရကောင်းမှန်
သိတတ်ကြတယ်။
ဒီနေ့ အသက်ဝဝရှူလို့ရနေတာ၊
နားမကျန်မဖြစ်ပဲ ကျန်းကျန်းမာမာနေနေနိုင်တာ၊
ငယ်ရွယ်နုပျိုမှု၊
ရှိနေတဲ့အချိန်
ဒါတွေက ဆုံးရှုံးပြီးမှ နောက်တရတတ်ကြတယ်။
နေ့ရက်တိုင်းက တန်ဖိုးထားစရာပဲ။
ဘဝကို နှမျောရင် အချိန်ကို တန်ဖိုးထားဖို့လိုနိုင်တယ်။
ဘယ်လောက်ပဲ ချမ်းသာသာ
သတ်မှတ်တဲ့ အချိန်ပြည့်ရင်
အကုန်ထားခဲ့ရမှာ။
ဒီနေ့၊ ပစ္စုပ္ပန်ကို တန်ဖိုးထားတတ်ဖို့လိုနိုင်တယ်။
Phyo Paing @ Derek