အမှန်အတိုင်းပြောရရင်
တကယ့် စွန့်ဦးတီထွင်၊ စီးပွားရေးသမားက
အဲ့လို မေးခွန်းမေးနေတာထက်
ရောင်းစရာပစ္စည်း ထရောင်းနေတာပဲ။
မရောင်းတတ်ရင် စီးပွားရေးလုပ်ရင်
အောင်မြင်ဖို့ မလွယ်ဘူး။
ကိုယ့် idea၊ ကိုယ့် ကုန်ပစ္စည်း၊
ဝန်ဆောင်မှုကို ရောင်းရမှာ
ရှက်နေရင်၊ ကြောက်နေရင် မရဘူး။
စွန့်ဦးတီထွင်အများစုက action taker တွေ။
နားလည်အောင်လေ့လာပြီးမှ လုပ်တာထက်၊
လုပ်စရာရှိတာ လုပ်လိုက်ရင်း
နားလည်လာကြတာများတယ်။
ဒါကြောင့် learning by doing လို့ခေါ်ကြတယ်။
ကျွန်တော်တို့ဆိုလဲ ငယ်ငယ်တည်းက
အိမ်က မုန့်ဖိုးမပေးတော့
ဝေဖာမှာပါတဲ့ ပါဝါရိမ်းဂျားအရုပ်တွေရောင်းတာ၊
မဲကပ်တွေ ရောင်းတာ၊
သူရဲချိုချဥ်ခေတ်က သူရဲချိုချဥ်ရောင်းတာ၊
ဂျင်ရောင်းတာ၊
ဒါက နှစ်တန်း၊ သုံးတန်းထဲက လုပ်ခဲ့ကြတာပဲ။
အဲ့တုန်းက စွန့်ဦးတီထွင် ဘာညာမသိဘူး။
ရောင်းတယ်ဆိုတာ
သူတပါးပစ္စည်းခိုးတာမဟုတ်တဲ့အတွက်
ရှက်စရာအလုပ်မဟုတ်ပါဘူး။
Phyo Paing @ Derek