အိုင်ဒီယာတွေက အန္တရာယ်ရှိတယ်။
ဒီမိုကရေစီဆိုတာ
ဒီ အိုင်ဒီယာတွေကို
လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဝေမှုကို
ကန့်သတ်ပိတ်ပင်ခြင်းမရှိခွင့်ပြုတာ။
လိုချင်တာ ဒီမိုကရေစီဖြစ်ပြီး
ကိုယ်နဲ့မတူတဲ့ အိုင်ဒီယာတိုင်းကို
အန္တရာယ်ရှိစေနိုင်တဲ့အတွက်
လိုက်တိုက်ခိုက်တာက
ကိုယ်လိုချင်တဲ့ စနစ်နဲ့ ပြောင်းပြန်ဖြစ်စေတယ်။
မတူညီတဲ့ အိုင်ဒီယာ၊
အတွေးအခေါ်တွေကို
၁။ နားထောင်
၂။ နားလည်
လက်မခံရင် အကျိုးသင့်အကြောင်းသင့်ပြန်
၃။ နားချ
ဒီလို လုပ်နိုင်မှပဲ progressive ဖြစ်တဲ့
လူ့အဖွဲ့အစည်းတစ်ခုဖြစ်မှာ။
အရာရာက အိုင်ဒီယာက စတယ်။
တခါတလေ ကိုယ်တိုင်အပါအဝင်
အသီးအပွင့်ကိုပဲ ခူးခပ်ချင်တတ်ကြတယ်။