Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီမေးခွန်း မေးရင်ကိုယ် စဉ်းစားတတ်ပြီ။

ကိုယ့်ကို ဒုက္ခပေးနေတာ
ကိုယ့် ပြဿနာ မဟုတ်ဘူး။
ကိုယ့် စဉ်းစားပုံပါပဲ။

တူညီတဲ့ ပြဿနာ ကို
လူ ၂ ယောက် ကြုံတယ်။
တစ်ယောက် ပြိုကျတယ်။
တစ်ယောက်က တိုးတက်သွားတယ်။

ပြဿနာ တူတယ်။
စဉ်းစားပုံ ကွာတယ်။

Daniel Kahneman (ဒယ်နီယယ် ခါနဲမင်) က
လူ့ဦးနှောက်ကို ၂ ပိုင်း ခွဲပြခဲ့တယ်။

System I — မြန်တယ်။ ခံစားချက်နဲ့ သွားတယ်။
လူတစ်ယောက် ပထမအကြိမ် တွေ့တာနဲ့
“ဒီလူ ယုံလို့ ရတယ်” ထင်လိုက်တယ်။
ဝန်ထမ်း ခန့်တဲ့အခါ “ဒီလူ ကောင်းမယ် ထင်တယ်” ဆိုပြီး
ခံစားချက်နဲ့ ခန့်တယ်။
ဒါ System I။

System II — နှေးတယ်။ သေချာ စဉ်းစားတယ်။ ပင်ပန်းတယ်။
“ဒီလူရဲ့ Track Record (လုပ်ရပ် မှတ်တမ်း) ဘာလဲ။
ကိုယ့် Team ရဲ့ Gap (ကွာဟချက်) ဘာလဲ” စစ်တယ်။
ဒါ System II။

ပြဿနာက — လူအများစု System I နဲ့ပဲ ဆုံးဖြတ်ချက် ချကြတယ်။
System II က ပင်ပန်းလို့။

ဒါပေမဲ့ စဉ်းစားတာ မစခင် ပိုအရေးကြီးတဲ့ အရာ ရှိတယ်။
Perception (အမြင်)။
လူအများစုက အမြင်နဲ့ဆုံးဖြတ်ချက်ချတတ်ကြတယ်။

လူမှုကွန်ယက်မှာ လူတွေဝိုင်းဆဲနေတယ်။
ဒါတစ်ဖက်လူမကောင်းလို့ဖြစ်မယ်လို့
အလွယ်တကူစဉ်းစားလိုက်နိုင်တယ်။

ဥပမာ
ဝန်ထမ်း တစ်ယောက် အလုပ် နောက်ကျတယ်။
“ဒီလူ ပျင်းရိတာ” — ဒါဆို ဆူမယ်။ ထုတ်မယ်။
ဒါမှမဟုတ် အဖြေရှာဖို့ မေးခွန်းမေးမယ်။​
“ဒီလူ ဘာကြောင့် နောက်ကျတာလဲ” —
မေးမယ်။ ဖြေရှင်းမယ်။

တူညီတဲ့ ဖြစ်ရပ်။ မတူတဲ့ Perception။ လုံးဝ မတူတဲ့ ရလဒ်။

စဉ်းစားခြင်းနဲ့ပတ်သက်လာရင် Lateral Thinking ဆရာကြီး
Edward de Bono (အက်ဒွပ် ဒီ ဘိုနို) က ပြောခဲ့တယ်။
“Logic (ယုတ္တိ) မှန်ပေမဲ့ Perception မှားနေရင် ရလဒ် မှားနေမယ်”

ဒီတော့ စဉ်းစားနည်း ၂ မျိုး သိထားပါ။

Critical Thinking (ဝေဖန်ပိုင်းခြား စဉ်းစားခြင်း) — “ဟုတ်ရဲ့လား” မေးတာ။
ရှိပြီးသား ကို စစ်တာ။
“မြန်မာ လုပ်ငန်းရှင် ၈၀% ကျရှုံးတယ်”
— ဘယ်သူ့ သုတေသနလဲ။ ဘယ်ကနေ ရတဲ့ ကိန်းဂဏန်းလဲ။
ဒီလို မမေးဘဲ ယုံလိုက်ရင် System I နဲ့ သွားတာ။

Creative Thinking (တီထွင်ဆန်းသစ် စဉ်းစားခြင်း) —
“နောက်ဘာ ရှိနိုင်သေးလဲ” မေးတာ။
မရှိသေးတာ ကို ဖန်တီးတာ။
လူတိုင်း ရှေ့တံခါး ကနေ ဝင်တယ်။ ကိုယ် ပြတင်းပေါက် ကနေ ဝင်ကြည့်ပါ။
ရူးကြောင်ကြောင်နိုင်တယ်။
Creator အများစုက အဲ့လိုစမ်းသပ်တယ်။​
ဖုန်းခလုတ်နှိပ်ရုံနဲ့ taxi ခေါ်လို့မရဘူးလားမေးတယ်။
စမ်းကြည့်တယ်။​
ဒီနည်းနဲ့ Uber ပေါ်လာတယ်။
မြန်မာပြည်မှာဆို Grab ပေါ့။
နောက်
Airbnb ပေါ်လာတယ်။

စဉ်းစားခြင်း ဆိုတာ
ဦးနှောက် ရှိလို့ ဖြစ်တာ မဟုတ်ဘူး။
ဦးနှောက် ကို သုံးတတ်လို့ ဖြစ်တာ။

မွေးရာပါ မဟုတ်ဘူး။ လေ့ကျင့်ရပါတယ်။

ဒီနေ့ ကိုယ့် ဆုံးဖြတ်ချက် တစ်ခု ကို ပြန်စစ်ကြည့်ပါ။
ဒါ ခံစားချက်နဲ့ ချတာလား စဉ်းစားပြီး ချတာလား။

ဒီမေးခွန်း မေးရင်
ကိုယ် စဉ်းစားတတ်ပြီ။

Phyo Paing @ Derek

Share Your Idea!​