အတိတ်ကံက
ကျင်လည်ရမည့် ပတ်ဝန်းကျင်ကို
သတ်မှတ်ပေးတယ်။
ပစ္စုပ္ပန်ကံက
ဒီပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်မလဲ
သတ်မှတ်ပေးတယ်။
လက်ရှိရဲ့ ပစ္စုပ္ပန်က
ခဏနေရင် အတိတ်ဖြစ်တယ်။
ဒီတော့ ပစ္စုပ္ပန်ရဲ့ ရွေးချယ်မှုတိုင်းက
အတိတ်ကံဖြစ်သွားတယ်။
လူတွေရဲ့ဘဝတွေကွာတာ
ပစ္စုပ္ပန်ရွေးချယ်မှုတွေ ကွာလို့ဖြစ်တယ်။
ဘာကို အာရုံစိုက်မယ်။
ဘယ်လိုတွေးမယ်။
ဘယ်သူနဲ့တွေ့မယ်။
ဘယ်အချိန်မှာ
ဘယ်အရာကို လုပ်ဆောင်မယ်။
ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။
တော်တဲ့သူတွေနဲ့ တွေ့ဖန်များရင်
တော်လာဖို့ အလားအလာများတယ်။
ဘူကောင်တွေနဲ့ တွေ့ဖန်များတဲ့အခါ
ဘူလာဖို့ အလားအလာများတယ်။
အတိတ်ကံကောင်းဖို့
ပစ္စုပ္ပန်ကံသုံးပါး
ကာယကံ
ဝဇီကံ
မနောကံကို
ဂရုပြုဖို့လိုနိုင်တယ်။
Phyo Paing @ Derek