Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီလိုကြုံဖူးလား။

ဒီလိုကြုံဖူးလား။
ငါအခုပဲ ဒါစဥ်းစားနေတာ
ဒီစာက Facebook ကနေ
ကိုယ့်ရှေ့ရောက်လာတာမျိုး။

မတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်ကို
စဥ်းစားနေတုန်း၊
သူ့ဆီက မက်ဆေ့ဝင်လာတာမျိုး။
တခါတလေ အိပ်မက်မက်တဲ့အတိုင်း
အပြင်မှာဖြစ်နေသလိုမျိုး။

ထူးခြားတဲ့တိုက်ဆိုင်မှုပေါ့။
စိတ်ပညာရှင်ကြီး Carl Jung ကာယွန်းက
ဒါကို Synchronicity စန်ခရိုနီစတီလို့ခေါ်တယ်။

လူတွေရဲ့ စိတ်အတွင်းကမ္ဘာနဲ့
ရုပ်ဝတ္ထုအပြင်ကမ္ဘာက ချိပ်ဆက်နေတယ်။
လူတွေရဲ့သဘောတရားက
ပက်တန် pattern တွေကို အဓိပ္ပာယ်ဖွင့်တဲ့
သတ္တဝါဖြစ်တဲ့အတွက်
တခြားကိုယ့်ပက်တန်ထဲမဝင်တဲ့အရာတွေကို
ကျော်သွားတတ်တယ်။

လူတွေအကုန်လုံးရဲ့အခြေခံ
အားလုံးကိုချိပ်ဆက်ပေးနေတဲ့
Unus Mundus – The One ဆိုတာရှိတယ်လို့
Carl Jung က ဆိုတယ်။
ဥပမာ အပေါ်ယံမှာတွေ့နေရတဲ့
သမုဒ္ဒရာရေလိုင်းတစ်ခုချင်းစီအောက်မှာ
သမုဒ္ဒရာရေကြီးရှိတယ်။
အကုန်လုံးက တစ်ခုတည်းကလာတယ်။
ချိပ်ဆက်နေတယ်။

တိုက်ဆိုင်မှု coincidence မှာက
ဘာတစ်ကိုယ်ရည်ခံစားချက်မှမရှိဘူး။
ဖြစ်တော့မယ်ဆိုတာ အလိုလိုသိနေတာ
ဒါက Intuition ဖြစ်ပြီး
ငါတွေးလိုက်မိသလို
အဓိပ္ပာယ်ရှိရှိဖြစ်လာတာမျိုး
ဒါကို Synchronicity လို့ခေါ်တယ်။

ကိုယ့်ဘဝမှာ အဓိပ္ပာယ်အရမ်းရှိတဲ့
အချိန်တွေကြုံဖူးလိမ့်မယ်။

ဥပမာကျွန်တော့်ဘဝမှာဆို
လူတစ်ယောက်နဲ့တွေ့ပြီး
၂၀၁၅ August တုန်းကတစ်ခါ
၂၀၂၁ နှစ်ကုန်မှာတစ်ခါ
အချိန်တွေကိုခဏလောက်ရပ်တန့်ချင်စိတ်ဖြစ်တယ်။
ဒီလိုဖြစ်တိုင်း ဘဝက ပြန်လည်စတင်
restart လုပ်ပြီး ပိုကောင်းဖို့ဖြစ်လာမည့် အချိန်မျိုး။
အဲ့လိုပဲ ကားမောင်းနေရင်းနဲ့
မီးပွိုင့်စောင့်နေတုန်းမှာ
ငါလမ်းသစ်ပြန်စရတော့မယ်ဆိုတဲ့ခံစားချက်နဲ့
ထူးထူးခြားခြား ဒါလေးလုပ်ဖို့လိုတယ်ဆိုတဲ့
အတွေးရောက်ရောက်လာတယ်။
အဲ့ဒါတွေထလုပ်တိုင်း
ဘဝက နောက်တစ်ဆင့်ရောက်ရောက်သွားတယ်။​

ဘဝရဲ့အဓိပ္ပာယ်ရှိတဲ့တိုက်ဆိုင်မှုတွေကိုသိဖို့
ကိုယ့်ရဲ့အသိ အင်တာနာလွင့်ထားဖို့လိုတယ်။
နောက်ပုံမှန် မက်ဆေ့တွေဆက်သွယ်နေဖို့လိုတတ်တယ်။

Phyo Paing @ Derek

Share Your Idea!​