မိတ်ဆွေမှာ သိစိတ်ရှိတယ်။
နောက်တစ်ခုက မသိစိတ်ရှိတယ်။
အမှတ်စာရင်းကို ခန္ဓာကိုယ်ကြီးမှာ
ဖော်ပြတယ်။
သိစိတ်မှာ အသိရှိတယ်။
ဆုံးဖြတ်ချက်တွေကို သတိနဲ့ချတယ်။
သတိရှိတဲ့ အသိကိုအသုံးပြုပြီး
မသိစိတ်ကို ထိန်းကြောင်းရတယ်။
မသိစိတ်က မှန်တယ်မှားတယ်မသိဘူး။
သူ့ထဲထည့်ထားတဲ့ သတင်းအချက်အလက်
အတွေ့အကြုံတွေ အတိုင်းလုပ်ဆောင်တာပဲ။
ငယ်ဘဝအတွေ့အကြုံတွေ၊
လေ့လာခဲ့တဲ့အရာတွေ၊
အဖြစ်အပျက်တွေ၊
စိတ်ခံစားမှုတွေ ဒါတွေအားလုံး
ပေါင်းစပ်ထားတဲ့ ပရိုဂရမ်တစ်ခုလို့ယူဆကြည့်။
စားနေကျအချိန်မှာ စားချင်တယ်။
လုပ်နေကျအရာကို လုပ်နေကျအချိန်မှာ
လုပ်ချင်တယ်။
ကောင်းတာဆိုးတာတွေ မသိဘူး။
အတိတ်ရဲ့ အမူအကျင့်တွေ
ရောသမမွေထားတယ်။
ကိုယ်က အဲ့ဒီမသိစိတ်ကို
ဖြစ်သလိုထားလိုက်တယ်ဆို
ခန္ဓာကိုယ်ကြီးမှာ ဖြစ်သလို
အမှတ်စာရင်း လာဖော်ပြလိမ့်မယ်။
ကျန်းမာကြံ့ခိုင်ရေး၊ စီးပွားရေး၊
ဝင်ငွေ၊ လူမှုရေး၊ အချစ်ရေး၊
မိသားစုရေးရာ၊ စိတ်ငြိမ်းချမ်းရေး
ဒါတွေ အကုန်လုံးက အမှတ်စာရင်းပဲ။
မိတ်ဆွေရဲ့ ပရိုဂရမ်အလုပ်လုပ်တာ
ကောင်းတဲ့ဖက်သွားနေလား၊
ဆိုးတဲ့ဖက်သွားနေလား၊
သတိလေးကပ်ပြီး
ကိုယ်ရဲ့သိစိတ်နဲ့ ပြန်လည်ချိန်ဆ
ရတတ်တယ်။
Phyo Paing @ Derek