ကိုယ်ဆော့နေကျ game တစ်ခုလိုပဲ။
ဘာပြီး ဘာလာမယ်သိနေပြီး
ဘယ်နေရာဆို ဘာဖြစ်တတ်တယ်။
ဘယ်အချိန်ဆို ဘာလာတတ်တယ်
ကြိုတင်ခန့်မှန်းလို့ရနေတာမျိုးကြုံဖူးလိမ့်မယ်။
စီးပွားရေးလုပ်ရင်လဲ အလားတူပဲ။
ခေတ်ကောင်းလို့ ဝင်လာတဲ့အခါ
ခေတ်ထနေတုန်းသာ အဆင်ပြေသာ၊
ခေတ်ပြီးသွားရင်
နောက်ဆုံးအရှုံးက
မြတ်ခဲ့တာတွေအကုန်လုံးကို
ပြန်ယူသွားနိုင်တယ်။
ဒီလို လာမည့်အရေးကို ခန့်မှန်းနိုင်စွမ်းကို
anticipation လို့ခေါ်တယ်။
မဟာဗျူဟာချမှတ်တဲ့သူတစ်ယောက်ဟာ
ကိုယ်ဆော့တဲ့ game အသွားအလာကို
အနီးစပ်ဆုံးခန့်မှန်းနိုင်ဖို့
အခြေအနေအစစ်အမှန်ကို
အနီးစပ်ဆုံးမြင်နိုင်ဖို့ အရေးကြီးတယ်။
စိတ်ခံစားမှုတွေ၊ ရင်ခုန်မှုတွေ၊
အိမ်မက်တွေ၊ အတွေးအခေါ်အယူအဆတွေ
ဘေးမှာ ခဏချပြီး စဥ်းစားကြည့်
ခု ရလဒ်က ဘာပြောတုန်း ပြန်မေးကြည့်။
လုပ်ငန်းတစ်ခုစဖို့ idea ရှိရင်
အိမ်မက်ကြီးတွေ မက်ပြီး
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လုပ်ကြတာပဲ။
နောက်ဆုံးစျေးကွက်က ရေခဲရေနဲ့
မျက်နှာလှမ်းပက်တော့
အလှန့်တကြား အိမ်မက်က လှန့်နှိုးလာရော။
အိမ်မက်တွေ အရေးကြီးတာမှန်တယ်။
အိမ်မက်တွေ အကောင်အထည်ဖော်ဖို့
အိမ်စာက လဲ လုပ်ရသလို
အခြေအနေလေးကိုလဲ အရှိအရှိအတိုင်း
မြင်နိုင်ဖို့ စိတ်ခံစားမှုတွေ ခဏဘေးချထားဖို့လိုတယ်။
Phyo Paing @ Derek