လုပ်ငန်းတစ်ခုကိုချဲ့ထွင်နိုင်ဖို့
People, Strategy, Technology, Money
ဒီလေးခုလိုတယ်။
ဒီလေးခုကို မှန်အောင်လုပ်နိုင်ရင်
စျေးကွက်ရှိတဲ့နေရာမှာ မအောင်မြင်တဲ့
ရာခိုင်နှုန်း အရမ်းနည်းသွားပြီ။
လူတိုင်းက မတူညီတဲ့ ဂိမ်းတွေမှာ
ကစားနေကြတယ်။
မတူညီတဲ့ဂိမ်းတွေမှာကစားဖို့
မတူညီတဲ့အတွေးအခေါ်တွေလိုတယ်။
မတူညီတဲ့လူတွေနဲ့တွေ့ဖို့လိုတယ်။
မတူညီတဲ့ ယုံကြည်မှုအသစ်တွေလိုတယ်။
မတူညီတဲ့ ကိုယ်ဘယ်သူဆိုတဲ့
identity အသစ်လိုကောင်းလိုမယ်။
လက်ရှိကိုယ်ဆော့နေတဲ့ဂိမ်းက
လွန်ခဲ့တဲ့နှစ်ကနဲ့ အတူတူပဲလား။
ဘယ်လောက်တိုးတက်လာသလဲ။
တိုးတက်မှုကို အားရရဲ့လား။
ဒုံရင်းဒုံရင်းနဲ့ သေမထူး
နေမထူး ရှေ့ဆက်နေတာလား။
ကျေနပ်လား။ စိတ်တိုင်းကျလား။
မကျရင် ဘာတွေလုပ်ဖို့လိုမလဲ။
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့
လိုကောင်းလိုနိုင်တယ်။
လွန်ခဲ့တဲ့သုံးလေးငါးနှစ်လို
ရှိရင်းစွဲကမတက်လာတာ
တီထွင်ဆန်းသစ်မှုမရှိလို့၊
အလုပ်မဖြစ်တာတွေကို လွတ်မချရဲလို့၊
အသစ်အဆန်းတွေ မစမ်းသပ်ရဲလို့၊
အကောင်အထည်ဖော်တဲ့နေရာမှာ
ကြောက်စိတ်အတားအဆီးတွေကြောင့်
ဖြစ်ကောင်းဖြစ်နိုင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay