ကိုယ့်ကိုကိုယ် တန်ဖိုးရှိမရှိတော့
ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ
ကိုယ်ရှိတဲ့အခါနဲ့
မရှိတဲ့အခါ ဘာလေးတွေကွာခြား
သွားနိုင်မလဲစဥ်းစားကြည့်တယ်။
ကိုယ့်ရဲ့ Best Self ဖြစ်အောင်
ဖန်တီးရင်း ဒီအတွေ့အကြုံကို
ပြန် share ပေးတာဟာ
ဒါ ကုသိုလ်ရတာပဲလို့ယူဆထားတယ်။
Best Self ဖြစ်ဖို့
Personal အတွက်ဆို
စိတ်နဲ့ ကိုယ်ကျန်းမာရေး၊ တိုးတက်ရေး၊
စဥ်းစားတွေးခေါ်နိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊
တစ်ကိုယ်ရေ စီမံခန့်ခွဲမှုတွေပါတယ်။
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနိုင်တဲ့ အချက်တွေပေါ့။
Professional မှာတော့
ကိုယ်လုပ်တဲ့အလုပ်ကို တစ်ဖက်ကမ်းခပ်
ကျွမ်းကျင်ဖို့ mastery level ရောက်အောင်
ကြိုးစားအားထုတ်မှုတွေပါမယ်။
Business မှာတော့
လုပ်ငန်းဆောင်တာတွေဖြစ်တဲ့
ဝန်ထမ်းစီမံခန့်ခွဲတာ၊ စျေးကွက်ရှာပညာ၊
စာရင်းဇယား၊ မဟာဗျူဟာနဲ့
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တာ
တွေပါမယ်။
ကျန်တာတော့ များများစားစား
ကျွန်တော်လဲသိချင်မှ သိလိမ့်မယ်။
ဒီ Best Self တည်ဆောက်ရေးကတော့
ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ
မြုပ်နှံထားမှာပဲ။
ဒါကြောင့် ကိုယ်နေထိုင်တဲ့
ပတ်ဝန်းကျင်အတွက်
အကျိုးရှိလိမ့်မယ်လို့တော့
ယူဆတာပဲ။
Phyo Paing @ Derek