ဒုက္ခကို အင်္ဂလိပ််လို suffering တဲ့။
ဗုဒ္ဓက ဒုက္ခဆိုပြီး ဘဝကို
ဟောကြားခဲ့တယ်။
ဒုက္ခဆိုတာ ကိုယ်၏ဆင်းရဲခြင်း၊
စိတ်၏ဆင်းရဲခြင်းကိုဆိုတယ်။
ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခဆိုတဲ့
ဟောကြားမှုက ဘဝဆိုတာ
ဒုက္ခတွေပဲရှိတယ်လို့ဟောကြားခဲ့တာမဟုတ်ဘူး။
အဓိပ္ပာယ်က ဘဝမှာ
ကောင်းတဲ့အတွေ့အကြုံတွေဖြစ်တဲ့
ဝမ်းမြောက်ဝမ်းသာခြင်း၊
ပျော်ရွင်ခြင်း၊ တက်ကြွခြင်း၊
ကာမဂုဏ်အာရုံတွေက
အမြဲရှိနေမှာမဟုတ်ဘူး။
ခဏတာပဲ ခံတယ်။
ရေပွက်ပမာပဲလို့ဟောကြားခဲ့တာ။
ဒါကြောင့် ဗုဒ္ဓက equanimity
ဆိုတဲ့ အချက်ကို အဓိက ဟောကြားတယ်။
မြန်မာလို တိုက်ရိုက်ပြန်တဲ့စကားလုံးတော့
မတွေ့မိဘူး။
ယောနိသောမနသိကာရ ဆိုတဲ့
ပါဠိ စကားလုံးတော့ရှိတယ်။
အဓိပ္ပာယ်က ပြင်ပ ပယောဂ
ဘယ်လောက်ဆိုးဆိုး
တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိ
ဖြတ်သန်းတာ။
အတွင်းပိုင်း စိတ်အခြေအနေ
ဘယ်လိုရှိရှိ
သတိ၊ အသိနဲ့
တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိ
ဖြတ်သန်းတာ။
လူငယ်၊ လူလတ်ပိုင်းဆိုတော့
ဝုန်းတာတော့ ဝုန်းနေအုံးမယ်။
တပြိုင်တည်းမှာပဲ
ဗုဒ္ဓလမ်းပြတဲ့ equanimity နဲ့
တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိ
ဖြတ်သန်းဖို့ နှလုံးသွင်းတယ်။
ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့
လမ်းပြတဲ့ ဆရာတွေအများကြီးရှိတယ်။
ဗုဒ္ဓအနေနဲ့ ခန္ဓာကိုယ်နဲ့စိတ်
တစ်သားတည်းဖြစ်နေဖို့
သတိ၊ အသိရှိဖို့ mindfulness ဆိုတာ
ဟောကြားခဲ့တယ်။
Osho အိုရှိုးက သားကြီး
ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့
ဘယ်သူပြောတာမှ မယုံနဲ့။
ကိုယ်နဲ့ ကိုက်မှယုံတဲ့။
ကျွန်တော်ကတော့ ကိုးကွယ်မှုဆန်တဲ့
religion ကို အယုံအကြည်မရှိဘူး။
ကိုယ့်ဘဝအတွက်
ကိုယ့်ယုံကြည်မှုအတွက်
အကောင်းဆုံးတွေကို စုစည်း
ကိုယ်ပိုင် ဘာသာတရားတည်ဆောက်ရမယ်။
Create your own religion လို့ယူဆထားတယ်။
အာသောကမင်းကြီးတို့၊
အနော်ရထာတို့က
နိုင်ငံတည်ဆောက်ဖို့အတွက်
ဘာသာတရားကို ပြန့်ပွားအောင်လုပ်ရတယ်။
အရည်းကြီးတွေကို တိုက်ဖျက်
ဗုဒ္ဓသာသနာ ပြန့်ပွားအောင်လုပ်ရတယ်။
အဲ့ဒီမှာ ဘာသာတရားနဲ့
အုပ်ချုပ်မှုနဲ့ပေါင်း ပုံပြင်တွေ ဖန်တီးရတယ်။
ဒါကြောင့် အကောင်းဆုံးက
ကိုးကွယ်မှုဆန်တဲ့ ဘာသာတရားအစား
ကျင့်သုံးမှုအခြေပြုတဲ့ လိုက်နာမှုက
ပိုအရေးကြီးတယ်လို့ထင်တယ်။
ဒါကြောင့် သဘာဝလွန်ဖြစ်ရပ်တွေကိုခဏမေ့ပြီး
ကျင့်သုံးမှု အသားပေး
Secular buddhism က
ဒီနေ့ခေတ် GenZ တွေအတွက်ဖြစ်နိုင်တယ်။
ဘုရားသားတော် အတုတွေကိုကြည့်ပြီး
စိတ်မပျက်လိုက်နဲ့။
ဒီအတုတွေက
ဗုဒ္ဓခေတ်အခါကတည်းကရှိခဲ့တာ
သမိုင်းကိုလေ့လာကြည့်ရင်တွေ့လိမ့်မယ်။
ကိုးကွယ်မှုကြောင့် ကိုယ့်အသိဥာဏ်ကို
ပိတ်ဆို့တဲ့အလုပ် မလုပ်မိဖို့လိုတယ်။
ဘာသာတရားကြောင့်
ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေမှုကို
အဟန့်အတားမဖြစ်စေဖို့လိုတယ်။
Phyo Paing @ Derek