ဒုက္ခနဲ့ best friend ဖြစ်လာတဲ့အခါ
သုခအစား
ဒုက္ခရဲ့အရသာကလဲ
မဆိုးဘူးဆိုတာ နားလည်လာမယ်။
လိုချင်ပြီးမရတာ ဒုက္ခ။
ရထားပြီးမလိုချင်တာလဲ ဒုက္ခ။
ဖြစ်ချင်ပြီး မဖြစ်တာ ဒုက္ခ။
မဖြစ်ချင်ပဲ ဖြစ်တာ ဒုက္ခ။
လိုချင်ပြီး မရတဲ့အခါ
ဖြစ်လာတဲ့
ဒေါသတွေ၊ လောဘတွေ၊ မောဟတွေနဲ့
စိုးရိမ်သောက ဗျာပါဒတွေများတယ်။
ဘဝရဲ့ တိုးတက်ရေးဖြစ်စဥ်မှာ
ဒုက္ခနဲ့ best friend
အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ဖို့လိုတယ်။
လူတိုင်းက ပိုကောင်းတဲ့
အနာဂတ်ကို လိုချင်တယ်။
အနာဂတ်ဆိုတာ မဖြစ်လာသေးဘူး။
မဖြစ်လာသေးတာကို
လိုချင်ပြီး မရသေးတဲ့အတွက်
ဒေါသတွေ ဖြစ်နေတာ
စိတ်အလိုမကျဖြစ်နေတာ
ဒုက္ခကို မကိုင်တွယ်တတ်လို့။
ဒုက္ခဆိုတာ ဘဝမှာ သဘာဝပဲ။
ဒုက္ခနဲ့ နေသားကျလာရင်
စိတ်ထားတတ်လာမယ်။
စိတ်ထားတတ်လာရင်
ဒုက္ခကို ကိုင်တွယ်ဖို့
အကောင်းဆုံးနည်းလမ်းတွေမြင်လာမယ်။
လုပ်ချင်တာ မလုပ်ရရင်ဒုက္ခ။
မလုပ်ချင်တာ လုပ်ရရင်ဒုက္ခ။
သွားချင်တဲ့နေရာမသွားရရင် ဒုက္ခ။
မသွားချင်တဲ့နေရာ သွားရတာလဲဒုက္ခ။
ဒီဒုက္ခတွေနဲ့ best friend ဖြစ်လာရင်
သူ့ကို ကိုင်တွယ်တတ်လာမယ်။
ဒုက္ခကို ကိုင်တွယ်တတ်ဖို့
ဒုက္ခနဲ့ မိတ်ဆွေဖွဲ့ကြည့်ပါ။
Phyo Paing @ Derek