တချို့တရားအကြောင်းပဲ
ပြောတဲ့လူတွေစုတာရှိတယ်။
နောက်တစ်ဆင့်တက်ဖို့
စီးပွားအကြောင်းပြောတဲ့သူတွေ
စုတာရှိတယ်။
တိုးတက်အောင်မြင်ချင်တဲ့သူတွေ
စုတာရှိတယ်။
တစ်ခုခုဆို အပြစ်ပြောဖို့
အသိုင်းအဝိုငးဖွဲ့ ဂရုထောင်
စုတာရှိတယ်။
လူတွေရဲ့ဦးနှောက်မှာ
mirror neurons ဆိုတာရှိတယ်။
ဒီဦးနှောက်ဆဲလ်လေးတွေက
ကိုယ်နဲ့ပေါင်းတဲ့သူရဲ့ပုံကို
အတုယူလေ့ရှိတယ်။
တချို့ဆို စကားလုံးတွေ
ကူးလာတာမျိုး။
အမူအရာတွေပါတူလာတာမျိုး။
ဒါကြောင့် ဟားဗတ်ကပြုလုပ်တဲ့
ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့
Social Contagion Theory မှာ
Nicholas Christakis and James Fowler က
ဝတဲ့သူတွေနဲ့နေရင်
ပိုဝဖို့ အလားလာ၊
ဆေးလိပ်၊ အရက်သောက်ရင်
သောက်ဖို့အလားအလာ 57% ရှိတယ်တဲ့။
ဘူပိတ်တဲ့သူတွေနားသွားရင်လဲ
ဘူပိတ်တတ်တယ်။
တရုတ်အယူအဆမှာတော့
ကိုယ်ဘူပိတ်ရင် ရှောင်ဖယ်တတ််ကြတယ်။
ကျွန်တော်တို့ ယဥ်ကျေးမှုမှာတော့
စာနာရင်း ကိုယ်ပါဘူပိတ်သွားတာမျိုး။
ငွေကြေးဘူပိတ်နေတဲ့သူငယ်ချင်းကို
သနားလို့ချေးရင်း ကိုယ်ပါဘူပိတ်တာမျိုး။
တခါတလေ ရွဲ့ပြီး
သူဌေးနဲ့ပေါင်းပြီး သုံးဖြုန်းတာ
သူဌေးမဖြစ်ပဲမွဲသွားတယ်ဆိုတာ။
ဒါမျိုးပြောတတ်တဲ့သူတွေရှိတယ်။
ကိုယ်နားဖူးနားဝနဲ့စဥ်းစားတတ်တယ်။
အရေးကြီးတာ အလုပ်ဖြစ်တာလုပ်ဖို့ပဲ။
57% ဆိုတဲ့ရာနှုန်းက
တော်တော်လေးများတယ်။
ကိုယ့်ဘဝအတွက် အသုံးချဖို့ပဲ။
လောကနီတိမှာလဲ
လူမိုက်ဆိုလျင်ရှောင်သွေလွဲလို့
မမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့စကားရှိတယ်။
လောကမှာ ဘူပိတ်တဲ့
အပြစ်တင်တဲ့စိတ်ကိုလျော့ပြီး
အလုပ်ဖြစ်နေမည့်
အဖြေရှာစိတ်ရှိဖို့
ဘူကောင်တွေကို ရှောင်ဖို့လိုတယ်။
Phyo Paing @ Derek