Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဓာတ်

ကမ္ဘာပေါ်မှာ ဓာတ်တွေကို
ယုံကြည်တဲ့ထဲမှာ တရုတ်တွေပါတယ်။
အဖိုဓာတ် Ying နဲ့ အမဓာတ် Yang ခွဲပြီး
တရုတ်ဆေးပညာတွေ၊
သိုင်းပညာနဲ့ တာအိုဇင် Taoism တွေ
ဖြစ်ပေါ်လာတယ်။

ဓာတ်ကောင်းအောင် နေအိမ်ကို
ဖုန်းဆွေ 风水 (Feng Shui) တွေကြည့်ပြီး
ဘယ်လိုအိမ်နေသင့်တယ်၊
ဘယ်လိုအိမ်မနေသင့်ဘူး။
အိမ်တစ်ခုအထားအသိုဘယ်လိုဖြစ်ရမယ်။
လမ်းကိုပိတ်ထားတဲ့အိမ်မှာ မနေဘူး။
ကိုယ့်အိမ်ရှေ့တံခါးပေါက်နဲ့
အိမ်နောက်ပေါက် ဒိုးယိုပေါက်ဖြစ်မနေရဘူး။
ဖြစ်ရင် ဝင်တဲ့ငွေချက်ချင်းပြန်ထွက်တယ်။
ဒီလို ဖုန်းဆွေပညာရပ်တွေက
ဓာတ်ကိုအခြေခံတယ်။

ကိုယ်ရည်ကိုယ်သွေးနဲ့ astrology
အင်္ဂဝိဇ္ဇာ၊ မျက်နှာသွင်ပြင် တွေလဲ
ဓာတ်ပေါ်အခြေခံတယ်။
ရေဓာတ်၊ မီးဓာတ်၊ မြေဓာတ်၊
သစ်သားဓာတ် အစရှိသည်။

ငွေကိုလဲ ဓာတ်တစ်ခုလိုမြင်ကြသလို
တော်တဲ့သူ၊ ကံကောင်းတဲ့သူက
ငွေဓာတ်ကိုဆွဲဆောင်နိုင်တယ်လို့ယုံကြတယ်။

ကျောက်စိမ်းဆောင်ရင်၊
ရတနာတွေဆောင်ရင် ဓာတ်ကောင်းတယ်။
ကံကောင်းတယ်လို့လဲ ယုံကြည်ကြတယ်။

ဒါနှစ်ပေါင်း ၅၀၀၀ ကျော်ဖြတ်သန်းလာတဲ့
သမိုင်းကြောင်းရှိပြီး သံလိုက်အိမ်မြှောင်၊
စက္ကူ၊ ငွေကြေး၊ ယမ်းမှုန့်၊ ပုံနှိပ်၊
နာရီနဲ့ ပိုးထည်တွေကိုတည်ထွင်ခဲ့တဲ့
လူ့အဖွဲ့စည်းတစ်ခုကဆိုတော့
မယုံလို့လဲ မရပြန်ဘူး။

တခါတလေ မတွေ့တာကြာပြီဖြစ်တဲ့
လူတစ်ယောက်အကြောင်း
စဉ်းစားနေတုန်း
ဖုန်းဝင်လာတာမျိုး။

နေရာတစ်ခုကို ပြောင်းလိုက်တဲ့အခါ
ကံတွေ ဇွတ်ကောင်းသွားတာမျိုး။
မြန်မာလိုဆို ဘူမိနက်သန်ပေါ့။
အဓိပ္ပာယ်ကတော့ အောင်မြေဆိုပါတော့။

လူတစ်ယောက်နဲ့တွေ့လိုက်တဲ့အခါ
ဘူသွားတာဖြစ်နိုင်သလို
ကံတွေအရမ်းကောင်းလာတာ
ဖြစ်နိုင်တယ်။
ဒါကြောင့် ဓမ္မသောက၊ အင်းဝရာဇာလိုမျိုး
အိမ်ထောင်ဖက်ရွေးတဲ့အခါ
ဓာတ်တွေထွက်ချက်တဲ့
စနစ်တွေရှိကြတယ်။

အရင်ကတော့ BS တွေဆိုပြီး
ကြောင်တောင်တောင်နိုင်တဲ့
အယူသီးမှု Superstition ပဲလို့ထင်ခဲ့တယ်။
စာနဲ့ပေနဲ့ပြောမယ်ဆိုရင်
နိုဘယ်ဆုရခဲ့တဲ့
Dr. Daniel Kahneman ရဲ့
Thinking fast and slow စာအုပ်ထဲက
System I ကြောင့်ဖြစ်လာတဲ့
ရူးရူးနမ်းနမ်းတွေပါလို့စဉ်းစားမိလိမ့်မယ်။

အမှန်တော့ ဒါတွေက မယုံလို့မရဘူး။

ဓာတ်တွေက အရေးကြီးတယ်။
ဘူကောင်ရှိရင် ဘူဓာတ်ရှိတယ်။
မွဲတဲ့သူနားနေတာများရင်
ကိုယ့်လဲကူးစက်တတ်တယ်။
ကျရှုံးတာများတဲ့သူနားနေရင်
ဒါလဲ ကူးစက်တတ်တယ်။

ကံကောင်းတဲ့သူနားနေရင်
Connect ဖြစ်ရင်
ကိုယ်လဲကံကောင်းတတ်နိုင်တယ်။

လူတွေ ကျန်းမာ၊ ပျော်ရွင်၊ အောင်မြင်ဖို့
အကြည်ဓာတ်လိုတယ်။
ဓာတ်ကောင်းတဲ့သူတွေ
ဓာတ်ကောင်းစေတဲ့ အလုပ်တွေပဲလုပ်ပါ။
သံသရာထဲကနေမလွတ်မြောက်ခင်
အကုသိုလ် (ဘူဓာတ်) တွေဖယ်ပြီး
ကောင်းမှုကုသိုလ် (အကြည်ဓာတ်) စုပါ။

Phyo Paing @ Derek

Share Your Idea!​