အမြင်သာဆုံးက Apple
ကွန်ပြူတာရဲ့ M2 ပဲ။
ပုံမှန် စာဖတ်တဲ့အခါ
စာအုပ်လှန်ရတဲ့ အချိန်က
အစပေါင်းများစွာ မြန်သွားတယ်။
နောက် Video တွေ တည်းဖြတ်ပြီး
ပြန်လည်ထုတ်ယူတဲ့အခါ
အဆပေါင်းများစွာ မြန်သွားတယ်။
နောက် notion တို့လို
မှတ်စုမှတ်တာတောင် အတွေးအခေါ်
ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့
နည်းပညာ ကုန်ပစ္စည်းတွေ။
နောက် OpenAI က Chatgpt နဲ့
Anthropic က ထုတ်တဲ့ Claude AI တွေ၊
Canva တို့လို နည်းပညာကျွမ်းကျင်မှုတွေ
အများကြီးမလိုပဲနဲ့ အသုံးပြုလို့ရတဲ့
ဒီဇိုင်းအတွက် နည်းပညာထုတ်ကုန်တွေ။
Tik Tok ရဲ့ ပင်မကုမ္ပဏီ Bytedance ကထုတ်တဲ့
Cupcut ဗီဒီယိုတည်းဖြတ်ရေးအတွက် ဆော့ဝဲ။
အတွေးတွေ ဖြန့်ကျက်တွေးနိုင်ဖို့
Mindmeister တို့လို Mind map.
နောက် လုပ်ငန်းစဥ်ဖန်တီးတဲ့နေရာသုံးတဲ့
Lucid Spark တို့၊ Lucid Chart တို့လို။
iPad မှာဆို Endless Note တို့လို
အတားအဆီးမရှိ ရေးချင်တာရေး App.
နောက်ပိုင်း Final Cut Pro (iPad version)
မှာဆိုလဲ video တွေပေါ်မှာ
စာတခါတည်း ရေးလို့ရတာ။
အဖိုး၊ အဖေခေတ်ကထက်
ဘဝကြီးက ဘယ်လောက်တောင်
လွယ်ကူ မြန်ဆန်လာလိုက်သလဲ။
ဒီနေ့ခေတ်မှာ ရှင်သန်ရတာ
မြင်တတ်ရင် ကျေးဇူးတင်စရာတပါးပဲ။
ဒီလို နည်းပညာသုံးဖို့တော့
ပိုက်ဆံတော့လိုတာပေါ့။
ဒါကြောင့် ဦးနှောက်အလုပ်လုပ်ရမှာ
အပျင်းမကြီးနဲ့။
ဒီနေ့ခေတ်က ကိုယ်လက်ခွန်အားနဲ့
ငွေရှာတဲ့ ခေတ်မဟုတ်တော့ဘူး။
ဦးနှောက်ခွန်အားနဲ့ ငွေရှာတဲ့ခေတ်
ဖြစ်သွားပြီ။
Phyo Paing @ Derek