Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နယ်ပယ်မတူရင် စဥ်းစားပုံ မတူဘူး။

အလုပ်ကို အလုပ်ကိုလုပ်နေရတဲ့
အဆင့်ရှိတယ်။
အလုပ်ကို ကစားသလို လုပ်နေရတဲ့
အဆင့်ရှိတယ်။
ဒီ Woker level နဲ့ Player level ကို
၇ ဆင့်ခွဲလို့ရတယ်။

အသစ်ကလေး။
အခုက အလုပ်ခွင်ထဲဝင် ကြိုးတန်းမှာ
လမ်းလျှောက်တက်ဖို့ စဝင်တဲ့အချိန်။
The Newbie လို့ခေါ်လိုက်မယ်။

သတ်မှတ်ထားတဲ့ အလုပ်ကို
သတ်မှတ်ထားတဲ့အချိန်မှာ
သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းအတိုင်း
ပြီးအောင်လုပ်နိုင်တဲ့ The Worker.

မင်းသားလဲကိုယ်၊
ဒါရိုက်ဒါလဲကိုယ်။
မားကတ်တင်းလဲကိုယ်၊
အရောင်းလဲကိုယ်၊
ဝယ်လဲ ကိုယ်၊ ပါလေရာ
Self-employed.

ကိုယ့်နယ်ပယ်မှာ လူတွေသိပြီး
လူတွေရဲ့ ယုံကြည်လေးစားမှုရှိပြီး
ကိုယ်ပြောရင် စကားဖြစ်တဲ့ အဆင့်။
လုပ်မယ်လို့ ကိုယ့်ဆီပိုက်ဆံထည့်ချင်သူတွေ၊
ကူညီပေးဖို့အသင့်လူတွေနဲ့
Key Person of Influence.

ပွဲတွေ စီစဥ်၊ ပရိုမိုးရှင်းတွေလုပ်၊
လူတွေ စိတ်ဝင်စားအောင်လုပ်တဲ့
Campaign-driven enterprise.
ပွဲလုပ်ရင်ငွေဝင်၊ ပွဲမလုပ်ငွေမဝင်။

အိုင်ဒီယာရောင်း၊ အတွေးအခေါ်ရောင်း။
နေရာပေါ်မမူတည်ပဲ ideology နဲ့ philosophy ရောင်း၊
သတ်မှတ်နယ်ပယ် niche industry မှာ
အထင်ကရ အမှတ်တံဆိပ်ဖြစ်ပြီး
သူ့အလိုလို လည်ပတ်နေတဲ့ စနစ်ရှိပြီး
ပုံမှန်ဝန်ထမ်း ၁၅၀ အောက်နဲ့ လည်ပတ်တဲ့
Global Small Business (GSB) အဆင့်။

ကိုယ့်လုပ်ငန်းနဲ့ပဲဖြစ်ဖြစ်၊
မီဒီယာ၊ လွမ်းမိုးမှု၊ နိုင်ငံရေးနဲ့ဖြစ်ဖြစ်
လွမ်းမိုးသက်ရောက်မှု impact တစ်ခုဖန်တီးတဲ့
Making a difference entreprise (MADE).

ဒီ Level ခုနှစ်ခုကို Daniel Priestley က
Entrepreneur Revolution စာအုပ်မှာ
ဖော်ပြထားတယ်။

လုပ်ငန်းလုပ်တဲ့အခါ
အိုင်ဒီယာ idea အဆင့်
ရှုပ်ပွတဲ့အဆင့် mass အဆင့်
စမ်းသပ်လို့ရတဲ့ beta ဘီတာအဆင့်
စရောင်းလို့ရတဲ့ commercial အဆင့်
တစ်ဆင့်စကားတစ်ဆင့်နားနဲ့သွားတဲ့ remarkable အဆင့်။
ဒီအဆင့်တွေကို ဖော်ပြထားတယ်။

အမေရိကားမှာတော့ လူတစ်ယောက်က
တစ်နှစ် $80,000 ဝင်တဲ့အထိ
ဝင်လေးပျော်လေတဲ့။
$80,000 ကျော်သွားတဲ့အခါ
ဝင်ငွေက ပျော်ရွင်မှုအပေါ်
သက်ရောက်မှု အရမ်းမရှိတော့ဘူးဆိုတဲ့
သုတေသနပေါ်အခြေခံပြီး
ကိုယ့်အလုပ်တစ်ခုလုပ်တဲ့အခါ
ကိုယ်ချစ်တဲ့ passionate ဖြစ်တဲ့အရာ၊
ကိုယ်ကျွမ်းကျင်တဲ့ skillful ဖြစ်တဲ့အရာ၊
ကိုယ့်ကို ငွေပေးနိုင်တဲ့ marketable ဖြစ်တဲ့အရာ
ဒီသုံးခုကြား sweet spot ဖြစ်ဖို့လိုသလို၊
အပြင်သွားတိုင်း $1000 ထည့်သွားဖို့၊
ဝင်ငွေရဲ့ 10% ကို အရေးအကြောင်းလိုအပ်ရင်သုံးဖို့
အနေနဲ့ ထားထားဖို့၊
တစ်ပတ်ကို လူနှစ်ယောက်ကို
အစားအသောက် treat လုပ် networking လုပ်ဖို့၊
ကိုယ့်လုပ်ငန်းနယ်ပယ်အတွက်
စာရေးဖို့၊
တစ်နှစ်ကို ၁၂ ပတ် အနားယူပြီး၊
အနာယူတဲ့အချိန်တွင်းမှာ အလုပ်လုပ်ဖို့ တွေ
အကြံပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

လူတွေလုပ်တဲ့အလုပ် မတူရင်
စဥြးစားပုံ မတူကှဘူး။
စွန့်ဦးတီထွင်တွေ စဥ်းစားပုံနဲ့
Professor တွေစဥ်းစားပုံ
နယ်ပယ်မတူရင် စဥ်းစားပုံ မတူဘူး။

Phyo Paing @ Derek

Share Your Idea!​