ပိုက်ဆံရှာတဲ့အဆင့်ပြီးသွားရင်
ပိုက်ဆံ ကိုယ့်ကို
လာရှာတဲ့အဆင့်ဖြစ်အောင်လုပ်။
ဘာကြောင့်လဲဆို
ပိုက်ဆံရှာရတာ မောတယ်။
လာရှာတာက အဲ့လောက်မမောတော့ဘူး။
ဘဝက အထာကျသွားပြီ။
ဖုန်းတွေအရမ်းဆက်ရောင်းစရာမလိုတော့ဘူး။
အိန္ဒြေရရနဲ့ စီးပွားရေးတည်ဆောက်လို့ရပြီ။
ဒီိလို မရှာဘဲ လာအောင်လုပ်တာကို
“အမှတ်တံဆိပ် တည်ဆောက်ခြင်း”
Branding လို့ခေါ်တယ်။
ဒီလိုလုပ်ဆောင်ဖို့
“နာမည်တစ်လုံး တည်ဆောက်ဖို့”လိုတယ်။
ကိုယ်က ဘာကို ကိုယ်စားပြုသလဲ။
ဘယ်နယ်ပယ်ကလဲ။
ဘယ်လိုလူတွေ အတွက်လဲ။
ဘယ်လိုလူတွေအတွက် မဟုတ်ဘူးလဲ။
ကိုယ့်ထုတ်ကုန်ကိုဝယ်မယ်ဆို
ဘယ်လို “အထာ” လေးတွေရှိသလဲ။
ဒါတွေက အမှတ်တံဆိပ်တည်ဆောက်ခြင်းပဲ။
ဖောက်သည်ရှာရတာမောနေရင်
မရှာဘဲ လာအောင်လုပ်တဲ့
အမှတ်တံဆိပ်တည်ဆောက်ကြည့်ပါ။
Phyo Paing @ Derek