Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နားမလည်ရင် မှားမယ်။

လူတွေရဲ့ဘဝက
ရွေးချယ်မှုတွေကြောင့်ကွာသွားတယ်။

ဘယ်မှာနေ၊
ဘာအလုပ်လုပ်၊
ဘယ်လိုတွေး၊
ဘယ်လိုကြံစီ၊
ဘယ်လို အကောင်အထည်ဖော်၊
ဘယ်သူတွေနဲ့ပေါင်း
ဒီရွေးချယ်မှုတွေလုပ်ရတယ်။

ဘယ်အရာကို ရပ်ပြီး၊
ဘယ်အရာတွေကို စရမယ်။

ဘယ်အရာတွေကို အာရုံစိုက်ပြီး
ဘယ်အရာတွေကို လျစ်လျူရှုရမယ်။

ဒီရွေးချယ်မှုတွေပြုလုပ်ရတယ်။

မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ဖို့
မှန်ကန်တဲ့ အမြင်လိုတယ်။

မှန်ကန်တဲ့အမြင်ရှိဖို့
မှန်ကန်တဲ့ နားလည်မှုလိုတယ်။

နားလည်ဖို့ လေ့လာရတယ်။
စဥ်းစားသုံးသပ်ရတယ်။
သင်ခန်းစာယူတတ်ရတယ်။

စီးပွားရေးအကြောင်းနားမလည်ရင်
စီးပွားရေးမှာ
မှားတဲ့ဆုံးဖြတ်ချက်တွေ
အများကြီးချမိမယ်။

မားကတ်တင်းအကြောင်းနားမလည်ရင်
မားကတ်တင်းမှာ
မှားတဲ့ဆုံးဖြတ်ချက်တွေ
အများကြီးချမိမယ်။

ကိုယ့်ကိုကိုယ် နားမလည်ရင်
ကိုယ့်ဘဝရဲ့ဆုံးဖြတ်ချက်
အမှားကြီးတွေ အများကြီးချမိမယ်။

နားမလည်ရင် မှားမယ်။

Phyo Paing @ Derek

Share Your Idea!​