သီလ၊ သမာဓိ၊ ပညာ၊ ဘာဝနာက
နေ့စဥ်လုပ်ရမည့်ကျင့်စဥ်။
Result နဲ့ Process မတူဘူး။
လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့
နေ့စဥ်ကျင့်စဥ်တွေမှာပျော်ဖို့လိုတယ်။
ကျန်းမာကြံ့ခိုင် လိုချင်တဲ့ခန္ဓာကိုယ်
ရချင်တာကပန်းတိုင်။
နေ့စဥ် အစားအသောက်၊
လေ့ကျင့်ခန်း ထိန်းသိမ်းကျင့်ကြံရမှာက
ကျင့်စဥ်။
လူတိုင်းက ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့
နေ့တိုင်းကျင့်ကြံနေရတာပဲ။
နေ့စဥ် train နေရတာပဲ။
နည်းစနစ်မှန်မှန်နဲ့ အားထုတ်မှု
လှုံ့လဝိရိယရှိရင် ပန်းတိုင်က
တစ်ရက်ထက်တစ်ရက်ပိုနီးလာမှာပဲ။
ပန်းတိုင်ကိုပဲ အာရုံစိုက်ပြီး
စိတ်ညစ်နေမည့်အစား
နေ့စဥ် ကျင့်စဥ်တွေကို အာရုံစိုက်တာ
ပိုအလုပ်ဖြစ်နိုင်တယ်။
Phyo Paing @ Derek