ဘုရားဖူးသွားတာတို့၊
နေရာတစ်ခုရောက်သွားတဲ့အခါ
အတွေးအခေါ် တစ်ခု ထင်းကနဲဝင်လာတာတို့
ကြုံဖူးလိမ့်မယ်။
ဒီ နေရာရဲ့ သက်ရောက်မှုက
လူတွေ မှာ အကြီးအကျယ်ရှိတယ်။
နေရာတစ်ခုက လူတစ်ယောက်
အတွေးနဲ့ အပြုအမူပေါ်
သက်ရောက်လွမ်းမိုးဖို့
တုန်ခါမှု vibration တွေထုတ်လွတ်နေတယ်။
ဒါကို တချို့က ဓာတ်လို့ဆိုတယ်။
Vibes ဆိုတာ နေရာတစ်ခုကရတဲ့
ခံစားချက်၊ စွမ်းအင်ကိုခေါ်တာ။
သင်္ချိုင်းကိုရောက်သွားတဲ့အခါ
ကြောဆိမ့်သွားတာမျိုး
တချို့ခံစားဖူးလိမ့်မယ်။
တချို့နေရာတွေရောက်သွားရင်
မတူညီတဲ့ ခံစားမှုတွေရတတ်တယ်။
ဒီခံစားမှုတွေ၊ အတွေးတွေက
လူတွေရဲ့လုပ်ရပ်အပေါ်
လွမ်းမိုးမှုတွေ ရှိတယ်။
နေရာတွေလိုပဲ လူတွေမှာလဲ
vibes တွေရှိတယ်။
တချို့အရမ်း အမြင်ဆိုးရှိတဲ့သူရဲ့
vibes က အကောင်းအရမ်းမမြင်တတ်တဲ့သူထက်
ပိုကြီးနေရင် ဘူပြီသာမှတ်။
တချို့က ဘူတော့ဘူနေတယ်
အရမ်းတက်ကြွအကောင်းမြင်ပြီး
သူ့ထက် ကောင်တဲ့ဓာတ်နဲ့တွေ့ရင်လဲ
ကောင်းတဲ့ ဓာတ်က လွမ်းမိုးသွားတာမျိုး
ဖြစ်တတ်တာ တွေ့ဖူးလိမ့်မယ်။
ဒီဓာတ်တွေက အတွေးကနေဖြစ်လာတယ်လို့ထင်တယ်။
အတွေးကနေ ခံစားချက်၊
ခံစားချက်ကနေ လုပ်ရပ်။
လုပ်ရပ်ဖြစ်တော့ ကံ။
ကံရှိတော့ အကြောင်း၊ အကျိုးတွေဖြစ်လာတယ်။
ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာ
မှန်ကန်သော အတွေးဆိုတာပါတယ်။
အတွေးမှန်ရင် ရည်ရွယ်ချက်မှန်မယ်။
အပြောမှန်မယ်။
အသက်မွေးဝမ်းကြောင်းမှန်မယ်။
အတွေးမှန်ဖို့က သတိလိုပြန်တယ်။
ဒါကြောင့် မှန်ကန်တဲ့သတိတဲ့။
ကိုယ်က အတွေးတွေကို
အကြာကြီးရပ်ထားနိုင်တဲ့
အစွမ်းတွေ နည်းနေသေးရင်
နေရာနဲ့ လူတွေကနေ
ကောင်းတဲ့ vibes တွေယူပြီး
အတွေးကောင်းတွေ မွေးတာ
ကောင်းတဲ့ နည်းတစ်နည်းဖြစ်နိုင်တယ်။
Phyo Paing @ Derek