Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေဖို့လိုတယ်လို့ထင်တယ်။

ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။
ငါဘာကြောင့် စီးပွားရေးလုပ်သလဲ။
ပိုက်ဆံရချင်လို့။

ပိုက်ဆံဘာကြောင့်ရချင်သလဲ။
ကိုယ်လိုချင်တာကို
လွတ်လွတ်လပ်လပ်ဝယ်နိုင်ဖို့။
သွားချင်တဲ့နေရာကို
လွတ်လွတ်လပ်လပ်သွားနိုင်ဖို့။
ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို
လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့။

ဒီတော့ ငါလိုချင်တာဘာလဲ။
ငါသွားချင်တဲ့နေရာကဘာလဲ။
ငါလုပ်ချင်တဲ့အလုပ်ကဘာလဲ။

လိုချင်တာက
ကိုယ့်ရဲ့အကောင်းဆုံးပုံစံ
Best version ကိုတည်ဆောက်ဖို့။
တစ်နည်းအားဖြင့်
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့။

ကိုယ်နေချင်တဲ့နေရာက
တစ်နေရာထဲမှာ အမြဲနေနေရတာမဟုတ်ပဲ
သွားချင်တဲ့နေရာကို
သွားချင်တဲ့အချိန် ထသွားနိုင်ဖို့။

ကိုယ်လုပ်ချင်တဲ့အလုပ်ကဘာလဲ။
ဒီမေးခွန်းအတွက်
လူတွေအကြောင်းလေ့လာချင်တယ်။
အတွေးအခေါ်အိုင်ဒီယာအသစ်တွေ
လေ့လာချင်တယ်။
နည်းပညာတွေအကြောင်းလေ့လာချင်တယ်။
စီးပွားရေးအကြောင်းလေ့လာချင်တယ်။
စမ်းသပ်မှုတွေလုပ်ချင်တယ်။
ဒါတွေကို တခြားသူတွေကို
ပြန်လည်မျှဝေပေးချင်တယ်။

ဒါဆိုရင် စီးပွားရေးလုပ်ရင်း
ပိုက်ဆံလဲရမယ်၊
ကိုယ်လိုချင်တာတွေလဲရမယ်။
တစ်ချက်ခုတ် သုံးလေးငါးချက်လောက်
ပြတ်မည့်အလုပ်ဘာဖြစ်မလဲစဥ်းစားကြည့်တယ်။​

နေ့စဥ်တိုးတက်နေမည့်အလုပ်။
ဘယ်နေရာမှာနေနေ လုပ်လို့ရမည့်အလုပ်။
ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေ
လုပ်နေရမည့်အလုပ်။

ဒါနဲ့ ပတ်သက်တဲ့အလုပ်တွေကို
အသက်မွေးမှုအနေနဲ့ ဖန်တီးလိုက်တယ်။

ဘဝမှာ ဒီဇိုင်း design လုပ်တာက
ပေးတာယူ ကျွေးတာစား
ထားရာနေ ဒီဖော့ default ထက်
ပိုအရေးကြီးပါတယ်။

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေဖို့လိုတယ်လို့ထင်တယ်။

ကိုယ့်ဘဝ ကိုယ်ဒီဇိုင်းလုပ်။
ကိုယ့်လမ်းကိုယ်ဖောက်နိုင်ဖို့
လိုနိုင်တယ်လို့ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​