ကိုယ့်ဘဝကိုကိုယ်
တန်ဖိုးထားတတ်လာတဲ့
အချိန်ကစလို့
ဖြစ်သလို မနေတော့ဘူး။
ဖြစ်သလို မစားတော့ဘူး။
ကိုယ့်အတွက် အကျိုးမရှိစေတဲ့
အတွေးအခေါ် ခေါင်းထဲမထည့်
မိတတ်တော့ဘူး။
မလိုချင်တာတွေပဲစဥ်းစားပြီး
စိတ်ညစ် မနေတော့ဘူး။
အချိန်ကို မလဟသ မဖြုန်းတော့ဘူး။
ပစ္စုပ္ပာန် သာယာမှုတွေမှာပဲ
အချိန် မကုန်တော့ဘူး။
စည်းကမ်းတကျ နေလာတယ်။
စနစ်တကျ စားလာတယ်။
အတွေးအခေါ်ကို ဂရုပြုလာတယ်။
ကိုယ်ဘာလိုချင်တာလဲကိုပဲ
အဓိက အာရုံပြုပြီး
အချိန်ကို အကောင်းဆုံးအသုံးချတယ်။
ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့
အရာတွေ မလုပ်တော့ဘူး။
ကိုယ့်ကိုကိုယ် တကယ်ချစ်ဖို့
တန်ဖိုးထားဖို့ အရေးကြီးတယ်။
ကိုယ့်ကိုကိုယ်မှ အရင်တန်ဖိုးမထားရင်
ဘယ်သူမှ တန်ဖိုးလာထားမှာမဟုတ်ဘူး။
နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့ဆိုတာလဲ
အားလုံးကြားဖူးကြမှာပဲ။
Phyo Paing @ Derek