ဘဝမှာ ငယ်ငယ်က အဖိုး၊ အဖွား
ပြောပြတဲ့ သူတို့ငယ်ငယ်ပုံပြင်တွေက
ကိုယ့်ဘဝဖြတ်သန်းမှုမှာ
ဒီလောက် အရေးပါမယ် မသိခဲ့ဘူး။
အသက်ဘေးက လွတ်အောင်
ဘာသာစကားတစ်လုံးမှာ
နားမလည်တဲ့နိုင်ငံကိုကူးလာတာ။
ပိုင်ဆိုင်မှုတွေထားပြီး
သုညက ဘဝ ပြန်စရတာ။
အဓိဂရုဏ်းတွေကြားရှင်သန်ရတာ။
ပြည်သူပိုင်သိမ်းတာတွေ။
နောင်တစ်ရက်ထလာတော့
ရှာထားသမျှ သုံးမရတော့တာ။
ဒါကြောင့် လူတွေခိုးမရတဲ့
နောက်မျိုးဆက်တွေကို
ပညာအမွေကိုပေးဖို့ကြိုးစားတာ။
မနက် ၅ နာရီထ တရုတ်ကျောင်း
၆ နာရီအရောက်သွား။
၈ နာရီ ကျောင်းဆင်း မြန်မာကျောင်းအမီကူးဖို့
နေ့တိုင်း မုန်းတယ်။
အသက်ကြီးလာတော့
သူတို့ရဲ့ လောကအမြင်ကလဲ
မမှားဆိုတာ သိလာတယ်။
ပညာပိုတတ်ရင် အနည်းဆုံးတော့
မတတ်တဲ့သူတွေထက်
အလုပ်လုပ်ရ ကိုင်ရပိုလွယ်တယ်။
ဘာသာစကားပိုတတ်ရင်
မတတ်သူတွေထက်
လုပ်ရကိုင်ရပိုလွယ်တယ်။
ဒါကြောင့် မျိုးဆက် generations ဆိုတာ
အရေးကြီးတာနားလည်လာတယ်။
တခါတလေ ကိုယ်ကြိုးစားတာ
ကိုယ့်အတွက်ပဲ ဟုတ်ချင်မှဟုတ်မယ်။
နောက်မျိုးဆက်အတွက် ဖြစ်နိုင်တယ်။
Phyo Paing @ Derek