ဒီနေ့စဉ်မဖြစ်မနေလုပ်တဲ့အရာတွေက
ဘဝကို စနစ်တစ်ခုဖန်တီးပေးတယ်။
ပြဿနာတွေရှိရင်တောင် လဲပြိုမသွားအောင်
ပုံစံခွက်တစ်ခုတည်ဆောက်ပေးထားတယ်။
တစ်နှစ်လောက်ပုံမှန်လုပ်သွားရင်
ဘဝတွေ ကွာသွားတယ်။
မနက်မှာ တရားထိုင်တာဖြစ်ရင်ဖြစ်မယ်။
နေ့စဉ် စာရေးတာဖြစ်ရင်ဖြစ်မယ်။
နေ့စဉ် ဘာသာစကားတစ်ခု၊ နှစ်ခု
လေ့လာတာဖြစ်ရင်ဖြစ်မယ်။
နေ့စဉ်စာတစ်အုပ်ဖတ်တာဖြစ်ရင်ဖြစ်မယ်။
နေ့စဉ်လေ့ကျင့်ခန်းတွေလုပ်တာ
ဖြစ်ရင်ဖြစ်မယ်။
နေ့စဉ် fasting လုပ်တာဖြစ်ရင်ဖြစ်မယ်။
နေ့စဉ်အလုပ်အတွက်အချိန်ပေး
စဉ်းစားတာ ဖြစ်ရင်ဖြစ်မယ်။
Phyo Paing @ Derek