Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေ့စဉ် ဘ၀နေထိုင်မှုအတွက် စနစ်ထားပါ။

စဥ်းစားကြည့်ပါ။ နေ့စဥ် ထပ်ခါထပ်ခါ
လုပ်နေရတဲ့အလုပ်တွေ ရှိတယ်။
ဥပမာ မနက်ထလာရင် သွားတိုက်၊
ဝေယာဝိစ္စလုပ်တာတွေ၊
အစားအသောက်စားဖို့၊
အပြင်သွားဖို့၊ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့။
ဒီလို ထပ်ခါထပ်ခါ လုပ်တဲ့အလုပ်တွေကို
optimize မလုပ်ရင်
လိုတာထက်အချိန်ကြာတတ်ပါတယ်။

ဥပမာ ကားသော့ထားတာ စနစ်မကျရင်
အပြင်ထွက်တဲ့ အချိန်တိုင်းပြန်ရှာနေရမယ်။
တဘက်ထားတာ နေရာမကျရင် ရေချိုးတိုင်း
ပြန်ရှာနေရမယ်။
စာဖတ်တာ စနစ်မရှိရင် ဖတ်တာကြာပြီး
မေ့မေ့သွားမယ်။
အလုပ်ပြီးတာမြန်ဖို့ productivity system လိုတယ်။

Content ဖန်တီးတဲ့အခါ စနစ်မရှိရင်
များများကို မြန်မြန်ဖန်တီးနိုင်မှာမဟုတ်ဘူး။
Marketing လုပ်တဲ့အခါ စနစ်မရှိရင်
ရနေကျရလဒ်ကို ထပ်ခါထပ်ခါပြန်ရဖို့
ထင်သလောက် မလွယ်ဘူး။

စီးပွားရေးမှာ စနစ်မရှိရင်
လုပ်ငန်းတစ်ခုကနေ နောက်တစ်ခုစတဲ့အခါ
လိုအပ်တာထက် အချိန်အရမ်းကြာမယ်။

Coach လုပ်တဲ့အခါ စနစ်မရှိရင်
ပြန်ရှာရတာ ကြာမယ်။
Coachee နဲ့ thinking partner အနေနဲ့သွားတဲ့အခါ
information ပြန်ရှာတာ နှေးတဲ့အတွက်
ခရီတွင်သင့်သလောက် မတွင်နိုင်ဘူး။

အရင်တုန်းက လူတွေနဲ့စကားပြောရင်
ပင်ပန်းတတ်လွန်းတဲ့အတွက်
ပေါင်းသင်းဆက်ဆံရေးအခြေခံတွေလေ့လာပြီး
communication system လုပ်ခဲ့ဖူးတယ်။

သင်တန်းတွေပေးတဲ့အခါ Training System လိုတယ်။
ဒါမှ predictable ရလဒ်တွေ ထပ်ခါထပ်ခါပြန်ရမှာ။

ဒါကြောင့် System is the solution လို့
ခေါ်ကြတယ်။

စနစ်ရှိခြင်းအားဖြင့် သိစိတ်က အရမ်းကြီး
စဥ်းစားစရာမလိုတဲ့အတွက်
ဦနှောက် မောပန်းမှု နည်းတယ်။
ဥပမာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့
စတိဂျော့တို့၊ မာ့ဇကာဘတ်တို့အနေနဲ့
ဝတ်နေကျ အင်္ကျီပုံစံကိုပဲနေ့တိုင်းဝတ်တယ်ဆိုတာ
ဒီ အယူအဆဖြစ်တယ်လို့ ဆိုလို့ရတယ်။

တစ်ရက်တာကို optimize လုပ်ချင်ရင်
စနစ်ရှိဖို့ လိုတယ်။

Phyo Paing @ Derek

Share Your Idea!​