လုံးဝမဖြစ်ချင်တဲ့အရာ
ဆုတ်ယုတ်နေတဲ့ဘဝ။
မနေချင်တဲ့ဘဝက
တိုးတက်မှုမရှိတဲ့ ဒုံရင်းဒုံရင်းဘဝ။
တိုးတက်မှုမရှိနေရင်
နေ့တိုင်း ဆုတ်ယုတ်နေတယ်လို့ခံစားရတယ်။
အချိန်ဆိုတာ ရပ်မနေဘူး။
သိမ်းထားလို့လဲမရဘူး။
ပြောင်းယူလို့ဘဲရတယ်။
ဖြုန်းတီးလိုက်မလား၊
တိုးတက်မှုကိုပြောင်းမလား။
ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။
တိုးတက်တဲ့ဘဝက “ကိုယ်” က စတင်တယ်။
အသက်ရှင်နေသ၍
ကိုယ်နဲ့အတူရှိနေမည့်အရာက
“ကိုယ်တိုင်” ဖြစ်တယ်။
ဒါကြောင့် လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲပြီး
“အကောင်းဆုံး သင်” ဖြစ်အောင်တည်ဆောက်ဖို့
ကိုယ့်မှာ တာဝန်ရှိတယ်။
ကိုယ့်ကိုကိုယ် လျော့မတွက်နဲ့။
မကန့်သတ်ထားနဲ့။
အတွေးအခေါ် လှောင်အိမ်ထဲမထည့်ထားနဲ့။
အားလျော့စေမည့် ငြီးငြူခြင်းကို
ဖြစ်နိုင်ရင် မလုပ်ဆောင်နဲ့။
ကိုယ့်ကိုကိုယ် တန်ဖိုးထား။
ကိုယ့်ကိုကိုယ် ကာကွယ်။
ကိုယ့်ကိုကိုယ် အားပေး။
ကိုယ့်ကိုကိုယ် နေ့စဉ်တည်ဆောက်။
ဂုဏ်ယူစေမည့်အလုပ်တွေ နေ့စဉ်လုပ်။
တိုးတက်စေမည့်အလုပ်တွေ နေ့စဉ်လုပ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေနဲ့။
အရေးမပါတာကို
အရာမပေးနဲ့။
မပြိုင်ဘဲ နိုင်အောင်လုပ်နိုင်တဲ့
ကိုယ့်ရဲ့ စူပါ ပါဝါကိုသိ။
ကိုယ့်အားသာချက်ကိုအသုံးချ။
ကြံနိုင်စွမ်း၊ ဖန်နိုင်စွမ်း၊
အကောင်အထည်ဖော်နိုင်စွမ်းကို
မြှင့်တင်ပေးနိုင်ဖို့
အတွေး၊ အကြံ၊ အလုပ်တိုးတက်ဖို့
ယုတ္တိကျကျ တွေး၊
ယုတ္တိကျကျ ကြံ၊
ယုတ္တိကျကျ လုပ်။
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
“နေ့စဉ် သင်ယူမှုကို မရပ်လိုက်နဲ့”။
ကိုယ်က အကောင်းဆုံးတွေနဲ့
ထိုက်တန်တယ်ဆိုတာ
မမေ့လိုက်နဲ့။
Phyo Paing @ Derek