Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း

လူတွေရဲ့ အထင်အမြင်မှာ
အသက်မရှင်နဲ့။
ကိုယ်ကြိုက်တာကိုယ်လုပ်။

ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲအယူအဆတွေကို
မလိုက်နာရဲတဲ့ သတ္တိလိုတယ်။

လူအများနဲ့ မတူတဲ့ လမ်းကိုလျှောက်ရဲဖို့
မတူတဲ့ အလုပ်ကို လုပ်ရဲဖို့က
သတ္တိအကြီးကြီးလိုတယ်။

ဒီလို ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့
လူတွေကို misfit လို့ခေါ်တယ်။

ဒီလို ပတ်ဝန်းကျင်ကချမှတ်ထားတဲ့
သိုးကလေးဖြစ်စေမည့် အလုပ်မဖြစ်တဲ့ စည်းကမ်းတွေကို
ချိုးဖောက်ရဲတဲ့သူ misfit တွေက
အပြောင်းအလဲကို အမှန်တကယ်ဖော်ဆောင်ပေးသူတွေဆိုတာ
ကြားဖူးလိမ့်မယ်။

လောကကြီးနဲ့ အံဝင်ဂွင်ကျမဖြစ်လို့
လူတွေကိုယ့်ကို နားမလည်လို့ စိတ်မညစ်နဲ့။
လောကနဲ့ သဟဇာတမဖြစ်လဲ
ကိုယ့်ရဲ့ နှလုံးသားက လုပ်သင့်တယ်လို့ပြောတဲ့အရာတွေကို
ကိုယ်ကလုပ်ရမှာပဲ။

လူတွေက သူတို့နဲ့ မတူလို့ငါ့ကိုပြက်ရယ်ပြုကြတယ်။
ငါကလဲ သူတို့အားလုံးက အတူတူဖြစ်နေလို့
ပြန်ရယ်မိတယ်ဆိုတာ ကြားဖူးလိမ့်မယ်။

မတူတာက ပြဿနာဟုတ်ချင်မှ ဟုတ်လိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​