နေ့ရက်တိုင်းက
ပါရမီဖြည့်ဖို့ အခွင့်အလမ်းပဲ။
ဆင်းရဲခြင်းက လွတ်ဖို့
ပါရမီဖြည့်ဖို့လိုတယ်။
ပါရမီဆိုတာ ကြွက်သားလိုပဲ။
နေ့စဥ် အထပ်ထပ်လေ့ကျင့်ရတဲ့
အလေ့အကျင့်မျိုး။
လေ့ကျင့်လေ သန်မာလေ။
သန်မာလေ လောကဓံဆင်းရဲမှုက
လွတ်ကင်းနိုင်လေလေ။
လောကီဘဝအတွက်
ပါရမီဆယ်ပါးရှိတယ်။
ဒီလိုလုပ်ဖို့ ယူဖို့ထက် ပေးဖို့စဥ်းစားပါ။
ဒါက ဒါန ပါရမီ။
ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း (သို့) စွန့်လွှတ်ခြင်း။
ကိုယ့်ကိုမကြိုက်တာ သူများကိုလဲမလုပ်နဲ့။
သီလ ပါရမီ၊ ကိုယ်ကျင့်တရားကောင်းခြင်း။
အလွန်အကျွံဆွဲလမ်းပြီး
မရှိရမနေနိုင်ခြင်းကိုရှောင်ကျင်ပါ။
နေက္ခမ္မ ပါရမီ၊ တပ်မက်မှုကင်းခြင်း။
အမှန်ကို အမှန်၊ အရှိကိုအရှိအတိုင်း
တွေးတောဆင်ခြင်မြင်ကြည့်ပါ။
ပညာ ပါရမီ၊ အမှန်တိုင်းသိခြင်း။
အပျင်းမကြီးပါနဲ့။ အချိန်မဖြုန်းပါနဲ့။
ကောင်းမွန်တဲ့ရည်မှန်းချက်အတွက်
လက်လျော့တတ်တဲ့စိတ်ကိုဖျောက်ပါ။
ဝီရိယ ပါရမီ၊ ဇွဲလုံ့လကြီးခြင်း။
လောဘနဲ့ ရည်မှန်းချက်မတူပါ။
လောဘဆိုတာ ကိုယ်နဲ့မထိုက်တန်တာကို
ရချင်စိတ်။
ရည်မှန်းချက်ပိုင်းတိုင်ဆိုတာ
ကိုယ်ရည်ရွယ်တဲ့အရာကိုရဖို့
ဝိရိယနဲ့ အားထုတ်မှု။
လေးပင်ပြီး ကလဲ့စားခြေဖို့ပဲမစဥ်းစားပါနဲ့။
စိတ်ရှင်းရှင်းနဲ့ ခွင့်လွတ်သင့်တာခွင့်လွတ်ပါ။
ခန္တီ ပါရမီ = သည်းခံခွင့်လွှတ်ခြင်း။
ကတိတည်ပါ။ မလိမ်မညာပါနဲ့။
သစ္စာ ပါရမီ၊ မှန်ကန်ခြင်း။
ဆုံးဖြတ်ချက်ပြတ်သားပါ။
ခြေတုန်ချတုန်ဖြစ်၊ သံသယနဲ့အမြဲမနေပါနဲ့။
အဓိဋ္ဌာန ပါရမီ၊ ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။
သူတပါးစီးပွားပျက်စီးဖို့
ဘယ်တော့မှမရည်ရွယ်ပါနဲ့။
အထပ်အမြင့်ဆုံးတိုက်တည်ဆောက်ဖို့
ဘေးနားတိုက်တွေကို ဖြိုစရာမလိုပါဘူး။
မေတ္တာထားပါ။
မေတ္တာ ပါရမီ၊
သူတစ်ပါးအကျိုးစီးပွားကို လိုလားခြင်း။ မေတ္တာထားခြင်း။
လောကဓံရှစ်ပါးကို မတုန်မလှုပ်ဖြတ်သန်းပါ။
ဥပေက္ခာ ပါရမီ၊
ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို
ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း။
နေ့စဥ် ပါရမီဖြည့်ပါ။
Phyo Paing @ Derek