ဒီနေ့ ကိုယ့်အတွက်
ခက်ခဲလှပါဆိုတဲ့ လေ့ကျင့်မှုတွေကို
တချိန် သွေးပူလေ့ကျင့်ခန်းဖြစ်အောင်လုပ်။
တချိန်က အင်္ဂလိပ်စာတစ်အုပ်
ပြီးအောင်ဖတ်ဖို့ဆိုတာ
တစ်ပတ်နေလဲမပြီး၊
တစ်လနေလဲမပြီး၊
တခါတခါ သုံးလလောက်ကြာတယ်။
တခြားသူတွေလို မွေးကတည်းက
အာဝဇွန်းက မရွှင်တဲ့အတွက်
စင်ပေါ်တက်တိုင်း ဒူးတုန်၊ အသံတုန်၊
မှတ်ထားတာမေ့ပြီး
အရှက်တကွဲ အကျိုးနည်းမှုပေါင်းများစွာ
ဖြတ်သန်းခဲ့ဖူးတယ်။
စာရေးတစ်ပိုက်ကို စုစည်းပြီးရေးဖို့
ရေးလိုက်ဖျက်လိုက်
အကြိမ်နှစ်ဆယ်လောက်လုပ်ဖူးတယ်။
ကိုယ့်အတွက် နဖူးကချွေးခြေထိကျရတဲ့
ခက်ခဲတဲ့ လုပ်ရပ်တွေကို
တချိန်ကိုယ့်အတွက် သွေးပူလေ့ကျင့်ခန်းလို
ဖြစ်အောင် လုပ်ဖို့
နေ့စဥ် လေ့ကျင့်နေဖို့လိုတယ်။
Phyo Paing @ Derek