Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

နေ့စဥ် သင်ယူ။

မြန်မာပြည်မှာ ဆင်ရဲတွင်းက ထွက်ဖို့
ဖော်မြူလာကတော့
ဒါလေးဖြစ်မလားမသိဘူး။

အတွေးအခေါ်မှန်ဖို့ လုပ်။
နေ့စဥ် သင်ခန်းစာယူ။
အပြစ်တင်တတ်တဲ့စိတ်ဖျောက်။
ကိုယ့်ရည်မှန်းချက်ပန်းတိုင်
ကိုယ်ရှင်းရှင်းလင်းလင်းသိ။

ကိုယ့်အတွေးအခေါ်နဲ့
ကိုယ့်ကိုယ်ကို မကန့်သတ်ထားနဲ့။
ကိုယ်နဲ့ပေါင်းတဲ့သူတွေကို ဂရုစိုက်။
တစ်ဖက်ပိတ်အမြင်နဲ့ အသက်မရှင်နဲ့။

နေ့စဥ် သင်ယူ။
သင်ယူထားတာကို ချရေးမှတ်သား။
ပြန်လည်အသုံးချ။
ပိုကောင်းတဲ့ အခွင့်အလမ်းအမြဲရှာဖွေ။
ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။
ဘဝကြီးကို ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေ။
ဘာသာစကားအသစ်သင်။

လူတွေကို လေ့လာ။
ဘူနေတဲ့သူ၊ သာမာန်လူ၊ အောင်မြင်သူ၊
အရမ်းအောင်မြင်သူ
သူတို့ရဲ့ အတွေးအခေါ်ဘာကွာလဲ၊
အမူအကျင့်ဘာကွာလဲလေ့လာ။

အတုယူလို့ရတာတွေကို
ကိုယ့်ဘဝမှာ ပြန်လည်အသုံးချ။

Phyo Paing @ Derek

Share Your Idea!​